- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
အီတလီ အဲလ်ပ်တောင်တန်းတွင် နှင်းထု ပြိုကျ၍ လူခြောက်ဦး သေဆုံး
အီတလီ အဲလ်ပ်စ် တောင်တန်းတွင် ဇူလိုင်လ ၃ ရက်နေ့က နှင်းထုပြိုကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုဌာနတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Jul 2022
DMG ၊ ဇူလိုင် ၅
အီတလီ အဲလ်ပ်စ် တောင်တန်းတွင် ဇူလိုင်လ ၃ ရက်နေ့က နှင်းထုပြိုကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုဌာနတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပုံမှန်အားဖြင့် မာမိုလာဒါ၏ တောင်ထိပ်သို့ တက်လှမ်းသည့် လမ်းကြောင်းဖြစ်သည့် ပွန်တာရိုကာ၏ရွာအနီး အီတလီဒိုလိုမိုက်စ်တောင်တန်းမှ အမြင့်ဆုံးဖြစ်သော မာမိုလာဒါတောင်ပေါ်၌ နှင်းထုပြိုကျခဲ့ခြင်းဖြစ်သည်။
နှင်းထုထိပ်ပိုင်း၌ စံချိန်တင် အပူချိန် ၁ဝ ဒီဂရီ ဆဲလ်စီးယပ်စ် (၅၀ ဒီဂရီ ဖာရင်ဟိုက်)အား မှတ်တမ်းတင်ပြီး နောက်တစ်ရက်တွင် အဆိုပါသဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ခြင်းဖြစ်သည်။
"ကြိုးနဲ့တွဲထားတဲ့သူတွေ အများအပြားရှိနေချိန်မှာ လမ်းကြောင်းပေါ်ကို နှင်းတွေ၊ ရေခဲတွေနဲ့ ကျောက်ဆောင်တွေ ပြိုကျပြီး လူအချို့မျောပါသွားခဲ့တယ် " ဟု အရေးပေါ်ဝန်ဆောင်မှုဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှယ်လာကနိုဗာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သူမက ပြောကြားခဲ့သည်။
ဒဏ်ရာရသူနှစ်ဦးကို ဘဲလ်လူနိုဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပိုမိုပြင်းထန်သော အခြေအနေရှိသည့် အခြားတစ်ဦးကို ထရှီဗစ်စိုသို့ ခေါ်ဆောင်သွားခဲ့ပြီး ငါးဦးကို ထရန်တိုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သူမက ပြောကြားသည်။
"တောင်တက်သမား စုစုပေါင်း အရေအတွက်ကို မသိရသေးပါဘူး" ဟု သူမက ပြောကြားသည်။
ထိခိုက်ခံရသူများနှင့် သေဆုံးသူများသည် မည်သည့်နိုင်ငံသားများဖြစ်သည်ကိုတော့ သူမအနေဖြင့် ပြောကြားခဲ့ခြင်းမရှိပေ။
ရဟတ်ယာဉ်များသည် ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ရန်နှင့် ဝေဟင်မှ အခြေအနေကို စောင့်ကြည့်ရန်အတွက် အရေးပေါ်ပျံသန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
မာမိုလာဒါနှင်းထုသည် အီတလီ အဲလ်ပ်တောင်တန်း၏ အစိတ်အပိုင်းဖြစ်သည့် ဒိုလိုမိုက်စ်တောင်တန်းများတွင် အကြီးဆုံးဖြစ်ပြီး မာမိုလာဒါတောင်၏ မြောက်ဘက်မျက်နှာစာတွင် တည်ရှိသည်။