- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ကမ္ဘာ့ခေါင်းဆောင်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည့် အာဆီယံဥက္ကဌ ကိုဗစ်ကူးစက်ခံရ
လက်ရှိအာဆီယံဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Nov 2022

ဓာတ်ပုံ - AFP
DMG ၊ နိုဝင်ဘာ ၁၅
လက်ရှိအာဆီယံဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားသို့ ရောက်ရှိချိန်၌ ကိုဗစ်ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဘာလီတွင်ပြုလုပ်မည့် G-20 အစည်းအဝေး တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။
“ချစ်ခင်ရပါသော မိတ်ဆွေများခင်ဗျား။ ကျွန်တော့်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရပါတယ်”ဟု ဟွန်ဆန်က ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားထားသည်။
G-20 အစည်းအဝေး တက်ရောက်ရန် မထွက်ခွာမီ ရှေ့ရက်များက နေ့တိုင်းဆေးစစ်ခဲ့ပြီး အဆိုပါနေ့များတွင် ကိုဗစ်ကူးစက်မှု မရှိခဲ့ကြောင်းလည်း သူက ရေးသားသည်။
ဟွန်ဆန်သည် ပြီးခဲ့သောသီတင်းပတ်တွင် ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေး၌လည်း အာဆီယံခေါင်းဆောင်များ အပြင် အမေရိကန်၊ တရုတ်၊ ဂျပန်၊ သြစတြေးလျနှင့် ကနေဒါနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သူဖြစ်သည်။
ဘာလီသို့ မိမိအနေဖြင့် နောက်ကျမရောက်သည့်အတွက် အခြားခေါင်းဆောင်များနှင့် ညစာစားပွဲ မတက်ရောက်လိုက်ရခြင်းမှာ ကံကောင်းသွားသည်ဟုလည်း သူကပြောကြားထားသည်။