- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ကိုဗစ်-၁၉ သည် တရုတ်ဓာတ်ခွဲခန်းမှ ပြန့်ပွားသွားခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက ယူဆဟုဆို
အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရုံးက ထွက်ရှိသည့် လျှို့ဝှက်အစီရင်ခံစာ တစ်ရပ်ကို ကိုးကားပြီး Wall Street ဂျာနယ်က ယခုကဲ့သို့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
27 Feb 2023

ကိုဗစ်-၁၉ ရောဂါပိုးသည် တရုတ်ဓာတ်ခွဲခန်း တစ်ခုမှ ပျံ့နှံ့သွားခြင်း ဖြစ်နိုင်သည်ဟူသော ယူဆချက်ကို အမေရိကန် စွမ်းအင်ဝန်ကြီးဌာနကလည်း ယုံကြည်သည်ဟု Wall Street ဂျာနယ်က ဖော်ပြထားသည်။
အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရုံးက ထွက်ရှိသည့် လျှို့ဝှက်အစီရင်ခံစာ တစ်ရပ်ကို ကိုးကားပြီး Wall Street ဂျာနယ်က ယခုကဲ့သို့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာနသည် ရှေ့ပိုင်းတွင် ယခုယူဆချက်ကို လက်ခံ၊မခံ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ဖူးသည်။
သို့သော်လည်း ဝန်ကြီးဌာနအနေဖြင့် ဤယူဆချက်ကို ခိုင်ခိုင်မာမာ လက်ခံထားခြင်းမျိုးလည်း မဟုတ်ကြောင်း သတင်းတွင် ဖော်ပြသည်။
စုံစမ်းထောက်လှမ်းရေးဗဟို FBI က ကိုဗစ်-၁၉ ရောဂါပိုးသည် တရုတ်ဓာတ်ခွဲခန်းမှ စတင်ပျံ့နှံ့သွားခြင်းဟု လက်ခံယုံကြည်ထားသည်။
ကိုဗစ်-၁၉ ရောဂါသည် သဘာဝအလျောက် ကူးစက်မှုမှတဆင့် ထွက်ပေါ်လာသည်ဟု ယူဆထားသော အမေရိကန်ထောက်လှမ်းရေးဌာန လေးခုရှိပြီး နောက်ထပ်ဌာနနှစ်ခုမှာမူ တိတိပပ မဆုံးဖြတ်သေးပေ။
အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်ကလည်း အဆိုပါဖြစ်ရပ်အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေကြဆဲဟု အလေးအနက်ပြောကြားသည်။
“လက်ရှိအထိ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ထောက်လှမ်းရေးအသိုင်းအဝိုင်းမှာ တိကျပြတ်သားတဲ့ အဖြေ မရှိသေးပါဘူး” ဟု သူက စီအန်အန် သတင်းဌာနသို့ တနင်္ဂနွေနေ့တွင် ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကိုဗစ်-၁၉ မူရင်းဇစ်မြစ်နှင့် ပတ်သက်၍ အဖြေထွက်သည်အထိ လေ့လာသွားမည်ဟု ကတိပြုထားသည်။ WHO သည် အဆိုပါစုံစမ်းမှုကို ရပ်ဆိုင်းထားသည်ဟု ယူဆရေးသားမှုတစ်ရပ် ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်ကပ်ဘေးကြီးကို ပိုမိုအားကောင်းစွာ တိုက်ဖျက်ရန် သို့မဟုတ် နောက်ထပ်မကြုံရမီ တားဆီးနိုင်ရန်အတွက် ကပ်ဘေးကြီး၏ မူလဇစ်မြစ်ကို သိရှိရန် အထူးအရေးပါသည်ဟု ပညာရှင်အသိုင်းအဝိုင်းက ယူဆထားကြသည်။