မြန်မာတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှု ဆက်တိုက်ရှိလာ

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိနေပြီး မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုးကူးစက်ခံရသူ ၈ ဦးထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၃ ရက်နေ့က ထုတ်ပြန်သည်။

By Admin 04 May 2023

အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုးမှာ ကူးစက်မှုနှုန်းမြန်ဆန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။
အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုးမှာ ကူးစက်မှုနှုန်းမြန်ဆန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

DMG ၊ ဧပြီ ၄

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိနေပြီး မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုးကူးစက်ခံရသူ ၈ ဦးထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၃ ရက်နေ့က ထုတ်ပြန်သည်။

ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရသူ ၈ ဦးအနက် ၁ ဦးမှာ ပြည်ပမှပြန်လာသူဖြစ်ပြီး ကျန် ၇ ဦးမှာ ပြည်တွင်း ကူးစက်ခံရသူများဖြစ်သည်။ တစ်နိုင်ငံလုံးတွင် မေလ ၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာသစ် ၁၅၅ ဦးရှိသည်။

ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုးမှာ ကူးစက်မှုနှုန်းမြန်ဆန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

“အရင်ကူးစက်မှုထက် အဆ ၂၀ လောက် ပိုများတယ်။ WHO ကလည်း သေဆုံးနှုန်းပိုများနိုင်မယ်လို့ ခန့်မှန်းထားတယ်။ ဒါကြောင့် အရေးကြီးဆုံးက Mask တပ်ပါ။ ဘာပဲကိုင်ကိုင် လက်ဆေးပါ။ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ဆေးကြပါ” ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုးသစ်မှာ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများမှာလည်း ရှိလာနိုင်ပြီး ကာကွယ်ဆေးထိုးထားလျှင် ရောဂါပြင်းထန်မှုကို ကာကွယ်နိုင်သဖြင့် ကာကွယ်ဆေးများကို ပြည်သူအားလုံးထိုးနှံ့ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ရခိုင်ပြည်တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူများကို ကျန်းမာရေးဌာနက မြို့ပေါ်/ရပ်ကွက်အလိုက် ထိုးပေးနေသော်လည်း ပြည်သူများအနေဖြင့် ပေါ့လျော့စွာ နေထိုင်မှုများ ရှိနေကြသည်။

“ဈေးသွားရင်တော့ ကိုဗစ်ကာကွယ်ဆေးလာထိုးကြဖို့ ကပ်ထားတာတွေ့တယ်။ ဒါပေမယ့် ပြည်သူတွေက သိပ်ဂရုမစိုက်ကြတော့ဘူး။ အရင်ကဆိုရင်တော့ သွားထိုးကြတယ်။ အခုဆိုရင် သွားထိုးကြတာတွေလည်း သိပ်မတွေ့ရဘူး။ Mask လည်း သိပ်မတပ်ကြတော့ဘူး” ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ မအေးမိုးဝေ ကပြောသည်။

ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးနားချင်းနိုင်ငံအချို့တွင် အိုမီခရွန် ဗီဇပြောင်းမျိုးရိုးကွဲအသစ်များ လျင်မြန်စွာ ကူးစက်နေပြီး ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေမှုကြောင့် မြန်မာပြည်များအနေဖြင့် ဂရုစိုက်နေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

#I001

ဗီဒီယိုများ