- အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အယ်လ်ဂျားဇီးရား သတင်းထောက် ၅ ဦး သေဆုံး
- ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်သွားမည်ဟု AA အာမခံချက် ထပ်ပေး
- ရခိုင်တွင် ခေတ်မီ ပညာရေးစနစ်ဖြစ်လာရေး အာရက္ခပညာရေးဌာန ကြိုးစားနေ
- ရခိုင်တွင် စစ်ကောင်စီ လက်ချက်ကြောင့် ဒေသခံ ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း AA ပြော
- စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်ပြည်သူကို အကျိုးမပြုကြောင်း AA ပြော
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အယ်လ်ဂျားဇီးရား သတင်းထောက် ၅ ဦး သေဆုံး
မီဒီယာစောင့်ကြည့်ရေးအဖွဲ့များက ယခုတိုက်ခိုက်မှုသည် ၂၂ လကြာ ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအတွင်း သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်သော နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး ယခု ပဋိပက္ခဖြစ်စဉ် တလျှောက်လုံး၌ သတင်းမီဒီယာဝန်ထမ်းပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
11 Aug 2025

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂါဇာမြို့ရှိ ၎င်းတို့၏သတင်းထောက်များ စုဝေးအလုပ်လုပ်ရာ ယာယီရွက်ဖျင်တဲစခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့သည့်အတွက် လူသိများသော သတင်းထောက်တစ်ဦး အပါအဝင် သတင်းထောက်နှစ်ဦးနှင့် ရုပ်သံရိုက်ကူးရေး ကင်မရာသမားသုံးဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျားဇီးရား သတင်းဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစ္စရေးစစ်တပ်ဘက်ကလည်း ယခုတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီး အဆိုပါထုတ်ပြန်ချက်တွင် သတင်းထောက် အေနာ့စ် အယ်လ်-ရှာရစ်ဖ် ကို ဟားမတ်စ် စစ်သွေးကြွအဖွဲ့နှင့် ဆက်နွှယ်ပတ်သက်မှုများ ရှိနေသည့် "အကြမ်းဖက်သမား" အဖြစ် သတ်မှတ်ကာ ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
မီဒီယာစောင့်ကြည့်ရေးအဖွဲ့များက ယခုတိုက်ခိုက်မှုသည် ၂၂ လကြာ ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအတွင်း သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်သော နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး ယခု ပဋိပက္ခဖြစ်စဉ် တလျှောက်လုံး၌ သတင်းမီဒီယာဝန်ထမ်းပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ကာတာအခြေစိုက် အယ်လ်ဂျားဇီးရား သတင်းဌာနက ထုတ်ပြန်ပြောကြားရာတွင် "သတင်းထောက် အေနာ့စ် အယ်လ်-ရှာရစ်ဖ် သည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် လေးဦးနှင့်အတူ အစ္စရေး၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဂါဇာမြို့ရှိ သတင်းထောက်များ ယာယီခိုလှုံရာ တဲစခန်းအတွင်း သေဆုံးခဲ့ရသည်" ဟု ပါရှိခဲ့သည်။
အယ်လ်ဂျားဇီးရား အာရဗီဌာနမှ အသက် ၂၈ နှစ်အရွယ်ရှိ နာမည်ကျော် လူသိများသော သတင်းထောက်ဖြစ်သူ အယ်လ်-ရှာရစ်ဖ် သည် ဂါဇာမြောက်ပိုင်းမှ သတင်းများကို အကျယ်တဝင့် ဖော်ပြခဲ့သူဖြစ်သည်။
အယ်လ်ဂျားဇီးရား သတင်းဌာနက ဂါဇာမြို့ရှိ ၎င်းတို့၏ သတင်းထောက်များ ယာယီခိုလှုံရာ တဲစခန်းကို တိုက်ခိုက်မှုအတွင်း ဝန်ထမ်း ငါးဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး သေဆုံးသွားသူများမှာ မိုဟာမက် ကရီကေး၊ ကင်မရာရိုက်ကူးရေးသမားများဖြစ်ကြသော အီဘရာဟင်မ် ဇာဟာ၊ မိုဟာမက် နူဖယ်လ်နှင့် မိုအာမန် အလီဝါ တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
အစ္စရေးစစ်တပ်သည် ၎င်းတို့၏ တိုက်ခိုက်မှုကို အတည်ပြုဝန်ခံထားပြီး အယ်လ်ဂျားဇီးရား သတင်းဌာနမှ အယ်လ်-ရှာရစ်ဖ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အယ်လ်-ရှာရစ်ဖ် ကို "သတင်းထောက်အယောင်ဆောင်ထားသည့် အကြမ်းဖက်သမား" တစ်ဦးအဖြစ်လည်း အစ္စရေးစစ်တပ်က စွပ်စွဲပြောဆိုထားသည်။