- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
- စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်
- ပုသိမ်ထောင်က လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၁ ဦးကို စစ်ကောင်စီ ပြန်ဖမ်းပြီး အမှုဖွင့်
အစ္စရေးနှင့် ဟက်ဇဘိုလာအကြား အပစ်ရပ်ရန် သဘောတူ
နိုဝင်ဘာလ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်အသက်ဝင်မည့် ယခုသဘောတူညီချက်အရ အစ္စရေးသည် ရက်ပေါင်း ၆၀ အတွင်း ၎င်း၏ တပ်များကို ဆုတ်ခွာသွားမည်ဖြစ်ကာ ထိုတပ်များနေရာတွင် လက်ဘနွန်တပ်များက အစားထိုး ထိန်းချုပ်သွားမည် ဖြစ်သည်။
27 Nov 2024

အမေရိကန်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အစ္စရေးနှင့် လက်ဘနွန် လက်နက်ကိုင်အုပ်စု ဟက်ဇဘိုလာတို့အကြား သီတင်းပတ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် အပစ်ရပ်ရေး သဘောတူလိုက်ကြကြောင်း ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်အသက်ဝင်မည့် ယခုသဘောတူညီချက်အရ အစ္စရေးသည် ရက်ပေါင်း ၆၀ အတွင်း ၎င်း၏ တပ်များကို ဆုတ်ခွာသွားမည်ဖြစ်ကာ ထိုတပ်များနေရာတွင် လက်ဘနွန်တပ်များက အစားထိုး ထိန်းချုပ်သွားမည် ဖြစ်သလို အစ္စရေးအနေဖြင့် အဆိုပါနေရာများတွင် ဟက်ဇဘိုလာတပ်များ အခြေချခြင်း မပြုအောင် ဂရုစိုက် စောင့်ကြည့်သွားမည် ဖြစ်သည်။
ယခုကဲ့သို့ ရက်ပေါင်း ၆၀ အပစ်ရပ်ထားမည့် သဘောတူညီချက်သည် ဂါဇာကမ်းမြောင်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ သေကြေ ဆုံးရှုံးနေရမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး တံခါးသစ်တစ်ခု ဖွင့်လှစ်လိုက်ရန် ပထမခြေလှမ်းလည်း ဖြစ်သည်။
တစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် တိုက်ပွဲများကြောင့် လက်ဘနွန်-အစ္စရေး နယ်စပ်တလျှောက်ရှိ ဧရိယာများ ပျက်စီးခဲ့ရသလို အစ္စရေးသည်လည်း ဘေရွတ်မြို့ရှိ နေရာအများအပြားနှင့် အခြား လက်ဘနွန်မြို့ကြီးများကိုပါ ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။
အစ္စရေး လက်ဘနွန် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် စကားပြောကြားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှ အမှာစကားပြောကြားရာ၌ ယခုအပစ်ရပ်မှုသည် အစ္စရေးနှင့် ဟက်ဇဘိုလာတို့အကြား ပျက်စီးဆုံးရှုံးမှုများသည့် ပဋိပက္ခကြီးကို အဆုံးသတ်နိုင်မည် ဖြစ်သလို အစ္စရေးနှင့် ဟားမတ်စ်တို့အကြား အပစ်ရပ်ရေး ဖြစ်လာအောင် အမေရိကန်၊ အီဂျစ်၊ ကာတာနှင့် တူရကီတို့ ပူးပေါင်းပြီး ဖိအားပေးနိုင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။