ဩစတြေးလျက ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပြီး သံချပ်ကာယာဉ်များ ပို့ပေးမည်

ဗြိတိန်တွင်ရှိနေသော ယူကရိန်းတပ်များကို လေ့ကျင့်ရာတွင် ကူညီရန်အတွက် သြစတြေးလျက တပ်ဖွဲ့ဝင် ၇ဝ ကို ဗြိတိန်သို့ စေလွှတ်မည်ဖြစ်ကြောင်းနှင့် ရုရှား၏ကျူးကျော်မှုကို ဆန့်ကျင်သော ယူကရိန်း၏စစ်ပွဲကို အားကောင်းစေရန်အတွက် နောက်ထပ်သံချပ်ကာယာဉ် အစီး ၃ဝ ကို သင်္ဘောဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် သြစတြေးလျက ပြောကြားသည်။

By Admin 28 Oct 2022

ဩစတြေးလျက ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပြီး သံချပ်ကာယာဉ်များ ပို့ပေးမည်

ယူကရိန်း-ရုရှား ပဋိပက္ခအတွင်း ရုရှားလိုလားသော တပ်ဖွဲ့ဝင်များ၏ သံချပ်ကာ ထရပ်ကားတစ်စီး ယူကရိန်း-ရုရှား ထိန်းချုပ်ထားသော ယူကရိန်းနိုင်ငံ ခါဆွန်မြို့ ယူကရိန်း၏ ယခင် ဒေသဆိုင်ရာ ကောင်စီအဆောက်အအုံအနီးတွင် ရပ်နားထားသည်ကို ၂ဝ၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့မြင်ရပုံ။ ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၈

ဗြိတိန်တွင်ရှိနေသော ယူကရိန်းတပ်များကို လေ့ကျင့်ရာတွင် ကူညီရန်အတွက် သြစတြေးလျက တပ်ဖွဲ့ဝင် ၇ဝ ကို ဗြိတိန်သို့ စေလွှတ်မည်ဖြစ်ကြောင်းနှင့် ရုရှား၏ကျူးကျော်မှုကို ဆန့်ကျင်သော ယူကရိန်း၏စစ်ပွဲကို အားကောင်းစေရန်အတွက် နောက်ထပ်သံချပ်ကာယာဉ် အစီး ၃ဝ ကို သင်္ဘောဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် သြစတြေးလျက ပြောကြားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏အိမ်နီးချင်း အစွန်းရောက်များကို ဖယ်ရှားရန်အတွက် “အထူးစစ်ဆင်ရေး”ဟု ခေါ်ဆိုသည့် ကျူးကျော်စစ်ဖြင့် ယူကရိန်းအား ကျူးကျော်ရန် အမိန့်ပေးခဲ့သောကြောင့် လူများထောင်နှင့်ချီ သေဆုံးပြီး နေအိမ်များနှင့် စက်ရုံများ ပျက်စီးခဲ့သည်။

ထိုဖက်ဆစ်စွပ်စွဲချက်သည် အခြေအမြစ်မရှိသကဲ့သို့ စစ်ပွဲသည်အကြောင်းမဲ့ ရန်လိုသည့် လုပ်ရပ်ဖြစ်သည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများက ပြောကြားသည်။

“အခုတော့ ဒီစစ်ပွဲဟာ ရှည်ကြာတဲ့ ပဋိပက္ခဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က အေဘီစီ ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။ ယခုနောက်ဆုံးရယူခဲ့သော အကူအညီအပါအဝင် ဖေဖော်ဝါရီလ ပဋိပက္ခစတင်ချိန်တည်းက ယူကရိန်းနိုင်ငံအတွက် ဩစတြေးလျ၏ အထောက်အပံ့သည် သြစတေးလျဒေါ်လာ ၆၅၅ သန်း (အမေရိကန်ဒေါ်လာ ၄၂၅ သန်း)ခန့် ရှိပြီဖြစ်သည်။

“ယူကရိန်းကို ဒီပဋိပက္ခကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ အနေအထားမှာ ထားမယ်ဆိုရင် ယူကရိန်းကို ရေရှည်မှာ ပံ့ပိုးပေးဖို့လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ သတိချပ်မိပါတယ်”ဟုလည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ယူကရိန်းအတွက် နေတိုး မဟုတ်သော အနောက်အုပ်စု၏ ပံ့ပိုးကူညီမှုတွင် အကြီးဆုံးကူညီသူဖြစ်သည့် ဩစတြေးလျသည် အကူအညီနှင့် ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးနေပြီး ရုရှားသို့ အလူမီနီယမ်နှင့် အလူမီနီယမ်သတ္တုရိုင်းများ တင်ပို့မှုကိုလည်း တားမြစ်ထားသည်။ ရာနှင့်ချီသော ရုရှားလူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ်တွင်လည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

ဇန်နဝါရီလတွင် ဗြိတိန်သို့ရောက်ရှိလာမည့် သြစတြေးလျတပ်ဖွဲ့များသည် ဗြိတိန်ဦးဆောင်သော နိုင်ငံတကာလေ့ကျင့်ရေး လေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲဇုန်အတွင်းသို့ ဝင်ရောက်မည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးမာလက်စ်က ပြောကြားသည်။

ဗီဒီယိုများ