- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
အမေရိကန်နယ်စပ်တွင် ထိန်းသိမ်းခံရသည့် ကလေးငယ် ၅၄၅ ဦး၏ မိဘများကို ရှာမတွေ့
အမေရိကန်နယ်စပ်တွင် မိသားစုနှင့်ခွဲကာ ထိန်းသိမ်းထားခဲ့သည့် ကလေးငယ် ၅၄၅ ဦး၏ မိဘများကို ပြန်ရှာမတွေ့ ဖြစ်နေကြောင်း အင်္ဂါနေ့က တရားရုံးသို့ လျှောက်ထားချက်တစ်ခုအရ သိရသည်။
22 Oct 2020

အမေရိကန်နယ်စပ်တွင် မိသားစုနှင့်ခွဲကာ ထိန်းသိမ်းထားခဲ့သည့် ကလေးငယ် ၅၄၅ ဦး၏ မိဘများကို ပြန်ရှာမတွေ့ ဖြစ်နေကြောင်း အင်္ဂါနေ့က တရားရုံးသို့ လျှောက်ထားချက်တစ်ခုအရ သိရသည်။
အဆိုပါ ကလေးငယ် ၅၄၅ ဦး၏ မိသားစုဝင်များသည် ၂၀၁၇၊ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နယ်စပ်မူဝါဒကြောင့် ထိန်းသိမ်းခံခဲ့ရသူများ ဖြစ်ပြီး ကလေးများကို သီးခြားခွဲ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
နယ်စပ်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသော ရွှေ့ပြောင်းများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ “သည်းမခံရေး” မူဝါဒအရ ကလေးများနှင့် မိဘများ သီးခြားခွဲကာ ထိန်းသိမ်းခံရသည်။
ခွဲခြားထိန်းသိမ်းခံရသော မိသားစုဝင်များ ပြန်လည်တွေ့ဆုံနိုင်အောင် အစိုးရက ဆောင်ရွက်ပေးရန် ၂၀၁၈ ခုနှစ်တွင် တရားရုံးအမိန့် ထုတ်ပြန်ခဲ့သည်။
တရားရုံးက ဖွဲ့စည်းထားသည့် ဦးဆောင်ကော်မတီက ကလေးငယ် ၁၀၃၀ ဦး၏ မိသားစုဝင်များအား လိုက်လံဆက်သွယ်ခဲ့ရာ၌ မိသားစုဝင်ရှာမတွေ့သူ ကလေးငယ်စုစုပေါင်း ၅၄၅ ဦး ကျန်ရှိနေခြင်းဖြစ်သည်။
“ဒီကလေးတွေထဲက တစ်ချို့ဆိုရင် မိသားစုနဲ့ ခွဲခံရတုန်းက လသားအရွယ်ပဲ ရှိကြသေးတယ်။” ဟု အမေရိကန်နိုင်ငံသား လွတ်လပ်ခွင့်ဆိုင်ရာ သမဂ္ဂ (ACLU) ၏ ရှေ့နေ လီဂဲလန့်က ပြောကြားသည်။
ပြန်ရှာမတွေ့တော့သည့် မိဘများအနက် သုံးပုံနှစ်ပုံခန့်သည် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင် ခံရသူများ ဖြစ်နိုင်ကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရအရာရှိများ အစောပိုင်းက မှတ်တမ်းတင်ထားခြင်း မရှိခဲ့သည့် ကလေးငယ်ပေါင်း ထောင်ချီ ရှိနိုင်သေးကြောင်း အစိုးရစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခု၏ ၂၀၁၉ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။