- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
အင်ဒိုနီးရှားမှာ ရဲစခန်းတွင်း အသေခံဗုံးဖောက်ခွဲမှုကြောင့် နှစ်ဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့တွင် အသေခံဗုံးခွဲသမားတစ်ဦး ရဲစခန်းအတွင်း ဝင်ရောက်ဖောက်ခွဲမှုကြောင့် ဗုံးခွဲသူနှင့် ရဲအရာရှိတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
08 Dec 2022

ဓာတ်ပုံ - AP
DMG | ဒီဇင်ဘာ ၈
အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့တွင် အသေခံဗုံးခွဲသမားတစ်ဦး ရဲစခန်းအတွင်း ဝင်ရောက်ဖောက်ခွဲမှုကြောင့် ဗုံးခွဲသူနှင့် ရဲအရာရှိတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
အသေခံဗုံးခွဲသမားသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၀ မိနစ်တွင် ရဲစခန်းတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လက်ထဲတွင်လည်း ဓားတစ်လက် ပါလာခဲ့သည်ဟု ဘန်ဒေါင်းရဲတပ်ဖွဲ့ အရာရှိ အက်ရှ်ဝင်စီပါယွန်က မက်ထရိုရုပ်သံသို့ ဖြေကြားသည်။ ၎င်းဝင်လာပြီးနောက် ဗံုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရဲအရာရှိသုံးဦးလည်း ဒဏ်ရာရသွားပြီး ဆေးရုံကို သယ်သွားပါပြီ။ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ကို ရှာဖွေရေးတွေ လုပ်ထားပြီး ဝင်ပေါက်တွေလည်း အကုန်ပိတ်ထားပါတယ်” ဟု အက်ရှ်ဝင်က ပြောကြားသည်။
ယခုကဲ့သို့ ကျူးလွန်မှုနှင့် ပတ်သက်၍ ရည်ရွယ်ချက် တစ်စုံတစ်ရာကို မသိရသေးပေ။
ယခုတိုက်ခိုက်မှုအား အိုင်အက်စ်လိုလားသည့် ဂျမားအန်ရှာရတ်ဒေါ်လာ့ (JAD) အဖွဲ့က ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး အေဂျင်စီ BNPT က မက်ထရိုရုပ်သံသို့ ပြောကြားထားသည်။ JAD သည် အင်ဒိုနီးရှားတွင် အခြားသော ပုံစံတူအကြမ်းဖက်မှုများ ကျူးလွန်နေသည့် အဖွဲ့လည်း ဖြစ်သည်။
အင်ဒိုနီးရှားသည် ကမ္ဘာ့မွတ်ဆလင်လူဦးရေ အများဆုံးနိုင်ငံ ဖြစ်ပြီး ပြည်တွင်းအကြမ်းဖက်မှုများ ကြုံဖူးသည့်နိုင်ငံလည်း ဖြစ်သည်။