- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကိုဖြတ်မောင်းခြင်းမှာ လာမည့်ရွေးကောက်ပွဲကို ခြိမ်းခြောက်ခြင်းဟု ထိုင်ဝမ် စွပ်စွဲ
တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းတွင်တည်ဆောက်သော လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်၍ ခုတ်မောင်းခဲ့ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာ၊ ၁၈ ရက်နေ့တွင် အတည်ပြုထုတ်ပြန်လိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။
19 Nov 2019

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းတွင်တည်ဆောက်သော လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်၍ ခုတ်မောင်းခဲ့ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာ၊ ၁၈ ရက်နေ့တွင် အတည်ပြုထုတ်ပြန်လိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့ခြင်းမှာ ထိုင်ဝမ်တွင် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲများကို ခြိမ်းခြောက်သည့်လုပ်ရပ်ဟု ထိုင်ဝမ်ကစွပ်စွဲပြောကြားလိုက်သည်။
အမည်ပေးရခြင်းမရှိသေးသော အဆိုပါလေယာဉ်တင်သင်္ဘောသည် တရုတ်နိုင်ငံပိုင် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်ပြီး ထိုလေယာဉ်တင်သင်္ဘောကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် အခြားဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် တောင်တရုတ်ပင်လယ်၌ဖြစ်ပေါ်နေသော တင်းမာမှုများတွင် စစ်အင်အားအရ ရှိရင်းစွဲထက်ပိုပြီး များစွာ အသာရ သွားမည်လည်းဖြစ်သည်။
ယင်းလေယာဉ်တင်သင်္ဘောသည် နိုဝင်ဘာ၊ ၁၇ ရက်(တနင်္ဂနွေနေ့)က တင်းမာမှုများရှိနေသော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကာ တောင်တရုတ်ပင်လယ်ထဲသို့ခုတ်မောင်းခဲ့ပြီး သိပ္ပံသုတေသနစမ်းသပ်မှုများလုပ်ဆောင်ရန်နှင့်
ပုံမှန်လေ့ကျင့်ရေး တစ်ရပ်အနေဖြင့်ခုတ်မောင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်ရေတပ်၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က တရားဝင်ဆိုရှယ်မီဒီယာ စာမျက်နှာတစ်ခုမှ ထုတ်ပြန်ခဲ့သည်။