- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တရုတ်မှာ ဘဏ်ငွေကြေးအရှုပ်တော်ပုံနှင့် ပတ်သက်ပြီး သံသယရှိသူ ၂၀၀ ကျော် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် ဆန္ဒပြမှုများ ထွက်ပေါ်လာသည်အထိ ဖြစ်စေခဲ့သော ဧရာမဘဏ်ငွေကြေးအရှုပ်တော်ပုံနှင့် ဆက်စပ်နေသည့် သံသယရှိသူ နှစ်ရာကျော်ကို တရုတ်ရဲက ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
31 Aug 2022

DMG ၊ သြဂုတ် ၃၁
တရုတ်ပြည်တွင် ဆန္ဒပြမှုများ ထွက်ပေါ်လာသည်အထိ ဖြစ်စေခဲ့သော ဧရာမဘဏ်ငွေကြေးအရှုပ်တော်ပုံနှင့် ဆက်စပ်နေသည့် သံသယရှိသူ နှစ်ရာကျော်ကို တရုတ်ရဲက ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စီမံခန့်ခွဲမှုအလွဲများကို အာဏာပိုင်များ တိုက်ဖျက်မှုနှင့်အတူ တရုတ်ပြည်အလယ်ပိုင်း ဟီနန်ခရိုင်ရှိ ဘဏ်လေးခုတွင် ငွေသားထုတ်ယူမှုများကို ဧပြီလတွင် ဆိုင်းငံ့ခဲ့သည်။
ငွေအပ်နှံထားသူ သိန်းပေါင်းများစွာ၏ ငွေကြေးများကိုလည်း ထိန်းချုပ်ထားလိုက်သည့်အတွက် ဆန္ဒပြမှုများ အများအပြား ထွက်ပေါ်ခဲ့ကာ အချို့ဆန္ဒပြပွဲများမှာ အကြမ်းဖက်မှုပုံစံများအထိ ဖြစ်ပျက်ခဲ့သည်။
အဆိုပါငွေကြေး အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး ဆက်စပ်နေသူ ၂၃၄ ဦးကို ဖမ်းဆီးထားပြီဟု တရုတ်ရဲတပ်ဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့တွင် ပြောကြားသည်။ ခိုးယူခံရသည့် ငွေကြေးများကို ပြန်လည်သိမ်းယူရာတွင်လည်း “သိသာသည့်တိုးတက်မှုများ” လည်း ဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
“ရာဇဝတ်ဂိုဏ်းတစ်ခုက… ကျေးရွာလေးရွာနဲ့ မြို့ဘဏ်ခွဲတွေကို တရားမဝင် ထိန်းချုပ်ခဲ့ပါတယ်။ သူတို့ဟာ မှုခင်းကြီးတွေလည်း အများအပြား ကျူးလွန်ခဲ့တယ်လို့ ယူဆရပါတယ်” ဟု ရှူချန် မြို့တော်ရဲတပ်ဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အာဏာပိုင်များသည် ငွေကြေးအပ်နှံထားသူများအား ဧပြီလလယ်ခန့်မှ စတင်၍ ငွေသားများ ပုံမှန်ပြန်ထုတ်ပေးနေပြီ ဖြစ်သည်။ ယွမ်ငွေ ၄ သိန်းနှင့် ၅ သိန်းအကြား အပ်နှံခဲ့သူများအား ယခုသီတင်းပတ်မှ စတင်၍ ငွေထုတ်ပေးတော့မည်ဟု ဟီနန် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းဆိုင်ရာ အာဏာပိုင်များက ကတိပြုထားသည်။ အသေးစားပမာဏ အပ်နှံထားသူများအား အစောပိုင်းတည်းက ထုတ်ပေးပြီးပြီဖြစ်သည်။
ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့တွင် ဟီနန်ခရိုင်၏မြို့တော် ကျန်ကျိုး၌ ဘဏ်ငွေအပ်နှံထားသူများသည် ဆန္ဒပြမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒပြပွဲအား ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့သလို အချို့ကို ဘတ်စ်ကားများပေါ်သို့ တင်ကာ ရိုက်နှက်ခဲ့သည်ဟု မျက်မြင်သက်သေများ၊ ဆိုရှယ်မီဒီယာပေါ်ရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။