- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
တရုတ်-ထိုင်း စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်တိုက်လေယာဉ်များကို ထိုင်းသို့စေလွှတ်
ထိုင်းစစ်တပ်နှင့် သြဂုတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်မည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များအား တရုတ်လေတပ်က စေလွှတ်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Aug 2022

DMG ၊ ဩဂုတ် ၁၅
ထိုင်းစစ်တပ်နှင့် သြဂုတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်မည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များအား တရုတ်လေတပ်က စေလွှတ်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုလေ့ကျင့်မှု၌ လေကြောင်းထောက်ကူမှု၊ မြေပြင်ရှိပစ်မှတ်များအား တိုက်ခိုက်မှု၊ အသေးစားနှင့် အကြီးစားတပ်ဖြန့်မှုများ ပါဝင်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသည့် ကြေညာချက်၌ ပါရှိသည်။
အာရှပစိဖိတ်ဒေသတွင် တရုတ်၏ စစ်ရေးတိုးချဲ့သည့် လုပ်ရပ်များသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို တပ်လှန့်လျက်ရှိသည်။ ဤလုပ်ရပ်များသည် ကမ္ဘားစီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြားတွင် တင်းမာမှုများကို ပိုမိုဆိုးရွားစေသည့် ကြီးထွားလာသည့် မဟာဗျူဟာနှင့် စီးပွားရေးပြိုင်ဆိုင်မှုကြီး၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်နေသည်။
သိမ်းငှက်ရိုက်ချက် ‘The Falcon Strike’ ဟုအမည်ပေးထားသည့် ယခု ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနယ်စပ်အနီးရှိ အူဒွန် ထိုင်းတော်ဝင်လေတပ် အခြေစိုက်စခန်းတွင် ပြုလုပ်မည်ဖြစ်သည်။
အမေရိကန်နှင့်အတူ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဂျပန်၊ စင်္ကာပူနိုင်ငံတို့ ပူးပေါင်းပြီး အင်ဒိုနီးရှားတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မှုများရှိချိန်၌ ယခုကဲ့သို့ တရုတ်နှင့် ထိုင်း ပူးပေါင်းပြီး စစ်ရေးလေ့ကျင်မှုတစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည်လည်း သူ့အဆို အမေရိက၏ ဒေသတွင်း “အတုမရှိသည့် မဟာမိတ်များနှင့် မိတ်ဖက်များကွန်ရက်” နှင့် ဆက်ဆံရေးအင်အား တောင့်တင်းရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လွန်ခဲ့သော ဇွန်လက ထိုင်းနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။