- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
‘မျှတသော’ ဆောင်ရွက်ချက်များအတွက် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုကျေးဇူးသည်ဟုပူတင်ဆို
ယူကရိန်းအရေးနှင့်ပတ်သက်၍ သူ့အဆို ‘မျှတသော’ ဆောင်ရွက်ချက်များအတွက် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုကျေးဇူးတင်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားလိုက်သည်။ ဥဇဘက်ကစ္စတန်တွင် ကျင်းပနေသည့် အစည်းအဝေးတွင် ကြာသပတေးနေ့ကရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ပူတင်ကယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
16 Sep 2022

DMG | စက်တင်ဘာ ၁၆
ယူကရိန်းအရေးနှင့်ပတ်သက်၍ သူ့အဆို ‘မျှတသော’ ဆောင်ရွက်ချက်များအတွက် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုကျေးဇူးတင်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားလိုက်သည်။ ဥဇဘက်ကစ္စတန်တွင် ကျင်းပနေသည့် အစည်းအဝေးတွင် ကြာသပတေးနေ့ကရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ပူတင်ကယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ယူကရိန်းအရေးနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ရဲ့ တရုတ်မိတ်ဆွေတွေရဲ့ မျှတညီညွတ်တဲ့ ရပ်တည်မှုကို ကျွန်တော်တို့ အထူးတလည် အသိအမှတ်ပြုပါတယ်” ဟုသမ္မတပူတင်ကပြောကြားသည်။
မိမိအနေဖြင့် ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်၏ စိုးရိမ်မှုများကိုလည်းဆွေးနွေးရန်အသင့်ရှိသည်ဟုပူတင်ကဆိုသည်။
ခုနစ်လအထိ ကြာမြင့်လာပြီဖြစ်သောယူကရိန်းစစ်ပွဲနှင့်အတူလောင်စာဆီဈေးမြင့်တက်မှုများ၊ စီးပွားရေးဆိုင်ရာမရေရာမှုများနှင့် ပတ်သက်ပြီးတရုတ်ဘက်ကစိုးရိမ်ကြောင့်ကြမှုများရှိနေချိန်၌ ပူတင်ဘက်ကယခုကဲ့သို့ သတ်သတ်မှတ်မှတ် ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။
နှစ်ဘက်တွေ့ဆုံမှုအပြီးတရုတ်အစိုးရကထုတ်ပြန်ချက်တွင်မူယူကရိန်းအရေးကိုသီးသန့်ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ သို့သော်လည်းရုရှား၏ ပင်မအကျိုးစီးပွားများအတွက် တရုတ်ကခိုင်မာသည့်ထောက်ခံမှုပေးမည်ဟုသမ္မတရှီကျင့်ဖျင်ကကတိပြုထားသည်။
ဥဇဘက်ကစ္စတန်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ကြာသပတေးနှင့် သောကြာနေ့များ၌ ထိပ်သီးအစည်းအဝေးများကျင်းပလျက်ရှိသည်။ အဆိုပါအဖွဲ့သည် အမေရိကန်၏ လွှမ်းမိုးမှုအတွက် အထေအင်အားအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့အပါအဝင် စုစုပေါင်း ၈ နိုင်ငံပါဝင်သည်။