- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တရုတ်ကိုခုခံကာကွယ်သည့် ပုံစံနမူနာဖြင့် ထိုင်ဝမ်တို့ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်
ထိုင်ဝမ်စစ်တပ်သည် လက်နက်ကြီးကျည် အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို သြဂုတ်လ ၉ ရက်နေ့တွင် စတင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Aug 2022

DMG ၊ ဩဂုတ် ၉
ထိုင်ဝမ်စစ်တပ်သည် လက်နက်ကြီးကျည် အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို သြဂုတ်လ ၉ ရက်နေ့တွင် စတင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် တရုတ်စစ်တပ်က ဧရာမစစ်ရေးလေ့ကျင့်မှုများကို ရက်အတန်ကြာ ပြုလုပ်ခဲ့ပြီးနောက်တွင် ထိုင်ဝမ်က တရုတ်တိုက်ခိုက်မှုကို ခုခံကာကွယ်သည့်ဟန် ပုံစံတူလေ့ကျင့်မှုတစ်ရပ် စတင်လိုက်ခြင်း ဖြစ်သည်။
ထိုင်ဝမ်တောင်ပိုင်းခရိုင် ပင်ရွှန် (Pingtung) တွင် လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး လက်နက်ကြီးပစ်ခတ်သံ အပြီးတွင် ထိုင်ဝမ်စစ်သားများက “စစ်ဆင်ရေးအောင်မြင်ပြီ” ဟု ကြွေးကြော်ခဲ့ကြသည်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ ထိုင်ဝမ်သို့ အလည်အပတ် လာရောက်ခဲ့သည့်အပေါ် အလွန်အမင်း မကျေမနပ် ဖြစ်နေသည့် တရုတ်သည် ပြီးခဲ့သောသီတင်းပတ်အတွင်း ထိုင်ဝမ်ကျွန်းဆွယ်တဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး၍ သိမ်းပိုက်မည်ဟု ထုတ်ဖော်ပြောကြားထားသည်။
ယခုစစ်ရေးလေ့ကျင့်မှုများသည် တရုတ်၏ လုပ်ရပ်ကို တုံ့ပြန်ခြင်းမဟုတ်ဘဲ ယခင်တည်းက စီစဉ်ထားပြီးသား ဖြစ်ကြောင်း ထိုင်ဝမ် အဋ္ဌမတပ်ရင်း၏ ပြောခွင့်ရပုဂ္ဂိုလ် လောင်ဝူးယဲက ပြောကြားသည်။
ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုကို အင်္ဂါနှင့် ကြာသပတေးနေ့များတွင် ပြုလုပ်မည်ဖြစ်ကာ အမြောက်ကြီး အလက် ၄၀ ခန့်နှင့် စစ်သည်အင်အား ရာပေါင်းများစွာ ပါဝင်မည်ဟု စစ်တပ်၏ ပြောကြားချက်အရ သိရသည်။