ဘုန်းတော်ကြီး ၁၁ ပါး၏ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများ ပြင်သစ်ဘုရားကျောင်းက ဖွင့်ဟ

လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်း သို့မဟုတ် ကျူးလွန်မှုများကို အသိပေးတင်ပြရန် ပျက်ကွက်ခဲ့ခြင်းတို့အတွက် စွပ်စွဲခံထားရသည့် ဘုန်းတော်ကြီးစုစုပေါင်း ၁၁ ဦးရှိနေကြောင်း ပြင်သစ်နိုင်ငံ၏ ကက်သိုလစ်အသင်းတော်က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

By Admin 08 Nov 2022

ဘုန်းတော်ကြီး ၁၁ ပါး၏ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများ ပြင်သစ်ဘုရားကျောင်းက ဖွင့်ဟ

၂၀၁၃ ခုနှစ် မတ်လ ၁၄ ရက်နေ့က ရောမမြို့တွင် တွေ့ရသည့် ပြင်သစ်ကာဒီနယ် ရှင်ပီရာရီကာ။ ဓာတ်ပုံ - AFP

DMG | နိုဝင်ဘာ ၈

လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်း သို့မဟုတ် ကျူးလွန်မှုများကို အသိပေးတင်ပြရန် ပျက်ကွက်ခဲ့ခြင်းတို့အတွက် စွပ်စွဲခံထားရသည့် ဘုန်းတော်ကြီးစုစုပေါင်း ၁၁ ဦးရှိနေကြောင်း ပြင်သစ်နိုင်ငံ၏ ကက်သိုလစ်အသင်းတော်က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ၁၁ ပါးတွင် အနားယူသွားသူများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဘုန်းတော်ကြီးများနှင့် လွန်ခဲ့သော ဆယ်စုနှစ်များအကြာက မိန်းကလေးငယ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟု ဝန်ခံထားသော ကာဒီနယ်တစ်ပါးလည်း ပါဝင်သည်။

ပြင်သစ်ဘုန်းတော်ကြီးများသည် နိုင်ငံအနောက်တောင်ပိုင်းရှိ လောဒက်အရပ်တွင် အစည်းအဝေးကျင်းပရန် စုရုံးရောက်ရှိလျက်ရှိသည်။ အဆိုပါအစည်းအဝေး၌ ဘုန်းတော်ကြီးများသည် ဆက်ဆံရေး၊ အစဉ်အဆက် ရှိလာခဲ့သည့် လိင်ရာဇဝတ်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရေးတို့ကို ပြုပြင်ရေးတို့အတွက် ဆွေးနွေးကြမည်ဖြစ်သည်။

အသင်းတော်မှ ရာထူးကြီးအရာရှိအချို့ကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုထားခြင်း သို့မဟုတ် ဘာသာရေးခုံရုံးတွင် တရားစွဲဆိုထားခြင်းများ ရှိကြောင်း ပြင်သစ်ဘုန်းတော်ကြီးများကွန်ဖရင့်၏ ဥက္ကဌဖြစ်သူ အဲရစ်ဒီမောလင်းဘိုးဖော့က သတင်းထောက်များအား ပြောကြားသည်။

တရားစွဲဆိုခံထားရသူများတွင် ပါဝင်သည့် ဘုန်းတော်ကြီး ရှင်ပီရာရီကာကလည်း လွန်ခဲ့သည့် ၃၅ နှစ်က တရားဟောဆရာအဖြစ် ရှိနေစဉ်က အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မိမိသည် ရှုတ်ချပြစ်တင်ခံရထိုက်သည့် အပြုအမူတစ်ရပ် ကျူးလွန်ခဲ့မိသည်ဟု ရေးသားထားသည့် ဝန်ခံစာကို ပေးပို့ခဲ့သည်။

ခရစ်ယာန်အသင်းတော်သည် ၁၉၅၀ ခုနှစ် နောက်ပိုင်းကာလများမှစ၍ တရားဟောဆရာများ၊ ဘုန်းတော်ကြီးများနှင့် ဝန်ထမ်းများက အသက်မပြည့်သေးသူများအပေါ် မဖွယ်မရာ ကျူးလွန်မှုများ ရှိခဲ့သည်ကို ပြီးခဲ့သည့်နှစ်တွင် အများအပြား စစ်ဆေးတွေ့ရှိခဲ့သည်။

ပြီးခဲ့သော နှစ်ပေါင်း ၇၀ အတွင်း ဘုန်းတော်ကြီးများ၏ မဖွယ်မရာ ပြုကျင့်မှုများ ခံခဲ့ရသည့် အသက်မပြည့်သေးသူ လူငယ်စုစုပေါင်း ၂၁၆၀၀၀ ရှိခဲ့ပြီး ကက်သိုလစ်စာသင်ကျောင်းများရှိ ဆရာများနှင့် ဝန်ထမ်းများ၏ ပြစ်မှုများကိုပါ ထည့်တွက်ပါက ကျူးလွန်ခံရသူ စုစုပေါင်းမှာ ၃၃၀၀၀၀ အထိရှိခဲ့သည်။

ဗီဒီယိုများ