- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ဂရိမှာ ရထားနှစ်စင်းတိုက်မိ၍ လူ ၃၀ ထက်မနည်း သေဆုံး
ဂရိနိုင်ငံတွင် အင်္ဂါနေ့နှောင်းပိုင်းက ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိခဲ့သောကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံးကာ ၈၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Mar 2023
ဂရိနိုင်ငံတွင် အင်္ဂါနေ့နှောင်းပိုင်းက ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိခဲ့သောကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံးကာ ၈၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အေသင်မှ သယ်ဆာလိုနီကီ မြို့သို့ မောင်းနှင်လာသည့် ရထားသည် လာရစ်ဆာမြို့ပြင်ပ၌ ပြေးလမ်းတစ်ခုတည်းပေါ်တွင် မောင်းနှင်လာသည့် ကုန်တင်ရထားနှင့် အရှိန်ဖြင့် တိုက်မိကြခြင်း ဖြစ်ကြောင်း သယ်ဆာလိုမြို့တော်ဝန်က ပြောကြားသည်။
“သူတို့က အမြန်နှုန်းနဲ့ မောင်းနေကြတာ။ မျက်နှာချင်းဆိုင် လာနေတာကိုလည်း နှစ်ဘက်လုံးက မသိခဲ့ကြဘူး” ဟု မြို့တော်ဝန် ကွန်စတန်တီနို အာဂိုရာစတိုက ပြောကြားသည်။
ရထားတိုက်မိမှုကြောင့် ခရီးသည်တွဲအချို့ မီးလောင်ကျွမ်းခဲ့ကာ မီးသင့်ပြီး ဆေးရုံတွင် ကုသမှုခံယူနေရသူလည်း အများအပြားရှိကြောင်း သတင်းတွင် ဖော်ပြသည်။
အင်္ဂါနေ့ညနေပိုင်းက အေသင်မှ ထွက်ခွာလာသော ခရီးသည်တင် ရထားပေါ်၌ ခရီးသည် ၃၅၀ ခန့် လိုက်ပါသွားကြောင်း ဒေသတွင်း သတင်းမီဒီယာတစ်ခုက ဖော်ပြထားသည်။ အခင်းဖြစ်ပွားရာမှ လုံခြုံစွာ ကယ်တင်နိုင်ခဲ့သူ ၂၅၀ ခန့်ရှိသည်။
အစိုးရရုပ်သံ ERT က ယနေ့အစောပိုင်း ဖော်ပြသည့် ဗီဒီယိုဖိုင်၌ ကယ်ဆယ်ရေးဝန်ထမ်းများသည် အခင်းဖြစ်ပွားရာ နေရာအနီးတဝိုက်တွင် အသက်ရှင်ကျန်ရစ်သူများအား ဓာတ်မီးများဖြင့် ရှာဖွေနေကြသည်ကို တွေ့ရသည်။
ဂရိတွင် လက်ရှိအသုံးပြုနေသည့် ရထားစနစ်သည် ခေတ်မီအောင် ပြင်ဆင်ရန် လိုအပ်လျက်ရှိကာ ရထားအများအပြားသည်လည်း လမ်းကြောင်းတစ်ခုတည်းပေါ်၌ ပြေးဆွဲနေရပြီး နေရာအများအပြားတွင် အလိုအလျောက်စနစ်များ တပ်ဆင်ရန် လိုအပ်နေဆဲ ဖြစ်သည်။