- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
ဥရောပသမဂ္ဂ (EU) အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် စီးနင်းလိုက်ပါလာသော လေယာဉ်သည် ဘူဂေးရီးယားနိုင်ငံသို့ ဆင်းသက်ခါနီးတွင် GPS နှောင့်ယှက်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီး အဆိုပါဖြစ်ရပ်ကို ရုရှား၏လက်ချက်ဟု သံသယရှိကြောင်း ဥရောပကော်မရှင်က တနင်္လာနေ့ (စက်တင်ဘာလ ၁ ရက်) တွင် ပြောကြားလိုက်သည်ဟု AFP က ဖော်ပြထားသည်။
02 Sep 2025

ဥရောပသမဂ္ဂ (EU) အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် စီးနင်းလိုက်ပါလာသော လေယာဉ်သည် ဘူဂေးရီးယားနိုင်ငံသို့ ဆင်းသက်ခါနီးတွင် GPS နှောင့်ယှက်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီး အဆိုပါဖြစ်ရပ်ကို ရုရှား၏လက်ချက်ဟု သံသယရှိကြောင်း ဥရောပကော်မရှင်က တနင်္လာနေ့ (စက်တင်ဘာလ ၁ ရက်) တွင် ပြောကြားလိုက်သည်ဟု AFP က ဖော်ပြထားသည်။
ဥရောပကော်မရှင်သည် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်အတွက် မော်စကိုတွင် တာဝန်ရှိသည်ဟု ဘူလ်ဂေးရီးယားအာဏာပိုင်များက ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ယင်းဒေသ၌ GPS နှောင့်ယှက်တိုက်ခိုက်ခံရမှုများ အဖြစ်များသည့်အတွက် ဥရောပသမဂ္ဂ (EU) အကြီးအကဲ စီးနင်းလာသောလေယာဉ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။
"GPS နှောင့်ယှက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကို ကျွန်မတို့ဘက်က အတည်ပြုနိုင်ပါတယ်" ဟု ကော်မရှင်ပြောရေးဆိုခွင့်ရ အမျိုးသမီး အေရီယန်နာ ပိုဒက်စတာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ဥရောပသမဂ္ဂ (EU) အကြီးအကဲ စီးနင်းရန်အတွက် သီးသန့် စီစဉ်ပေးထားသောလေယာဉ်သည် လမ်းကြောင်းပြောင်းလဲရန် မလိုအပ်ခဲ့ဘဲ ဘူဂေးရီးယားနိုင်ငံတောင်ပိုင်းရှိ ပလော့ဗ်ဒစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီသို့ ဘေးကင်းစွာဖြင့်ပင် ဆင်းသက်နိုင်ခဲ့သည်။
အသက် ၆၆ နှစ်အရွယ်ရှိ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်သည် ရုရှား၏နည်းပေါင်းစုံသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့် အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂအဖွဲ့ကြီး၏ အရှေ့ဘက်ခြမ်းရှိ ရှေ့တန်းနိုင်ငံ ၇ နိုင်ငံဆီသို့ လှည့်လည်သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ယခုဖြစ်ရပ်နှင့် ကြုံဆုံခဲ့ရခြင်းဖြစ်သည်။
ကော်မရှင်မှ သီးခြားပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက "အဆိုပါဒေသ၌ ယခုကဲ့သို့သော နှောင့်ယှက်ခြင်းနှင့် အချက်ပြမှုအတုပြုလုပ်ခြင်း လုပ်ရပ်များကို အများအပြား ဖြစ်ပေါ်ခဲ့ဖူးသည်" ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယင်းလုပ်ရပ်များ၌ ပါဝင်သည်ဟု ယူဆရသော ကုမ္ပဏီအများအပြားကိုလည်း အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။