မြေထဲပင်လယ်တွင်း ကျူးကျော်မှုများရှိနေကြောင်း ဂရိ၏စွပ်စွဲချက်ကို တူရကီပယ်ချ

တူရကီသည် မြေထဲပင်လယ်ရှိ အငြင်းပွားဖွယ် ရေပိုင်နက်၌ ရှာဖွေရေးယာဉ်များ နေရာချထားမည့် အစီအစဉ်များအား အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ဤအစီအစဉ်ကြောင့် အိမ်နီးချင်းနိုင်ငံများကြားတွင် တင်းမာမှုများ မြင့်တက်လျှက်ရှိသလို ယခုလုပ်ရပ်အား ရပ်တန့်ရင် ဥရောပနိုင်ငံများ၏ တောင်းဆိုချက်ကိုလည်း တူရကီသည် မသိကျိုးကျွန်ပြုလျှက်ရှိသည်။

By Foreign Desk 23 Jul 2020

ပုံစာ - တူရကီနိုင်ငံ၏မြို့တော် အန်ကာရာ၌ မိန့်ခွန်းပြောကြားနေသော သမ္မတ ရီဆက်တာယစ် အာဒိုဂန်အား ဇူလိုင်လ ၂၁ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AP)

ဂရိရေပိုင်နက်ထဲသို့ ကျူးကျော်မှုများ ရှိနေကြောင်း စွပ်စွဲချက်ကို တူရကီက ဗုဒ္ဓဟူးနေ့တွင် ပယ်ချလိုက်သည်။

တူရကီ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ သုတေသန ရေယာဉ်များသည် မြေထဲပင်လယ် အရှေ့ပိုင်းဧရိယာသို့ ဝင်ရောက်ကျူးကျော်မှုများ ရှိနေကြောင်း ဂရိက စွပ်စွဲထားခြင်းဖြစ်သည်။

တူရကီကမူ ဂရိ၏စွပ်စွဲချက်အား ငြင်းပယ်လိုက်ပြီး တူရကီ၏ ဒေသတွင်း တရားဝင်ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များကို ဆက်လက် ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံအကြား အငြင်းပွားဖွယ် ကိစ္စရပ်အား တွေ့ဆုံဆွေးနွေး အဖြေရှာရန် ထည့်သွင်းဖော်ပြထားသည်။

တူရကီသည် မြေထဲပင်လယ်ရှိ အငြင်းပွားဖွယ် ရေပိုင်နက်၌ ရှာဖွေရေးယာဉ်များ နေရာချထားမည့် အစီအစဉ်များအား အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ဤအစီအစဉ်ကြောင့် အိမ်နီးချင်းနိုင်ငံများကြားတွင် တင်းမာမှုများ မြင့်တက်လျှက်ရှိသလို ယခုလုပ်ရပ်အား ရပ်တန့်ရင် ဥရောပနိုင်ငံများ၏ တောင်းဆိုချက်ကိုလည်း တူရကီသည် မသိကျိုးကျွန်ပြုလျှက်ရှိသည်။

ဂရိအစိုးရပိုင် ရုပ်မြင်သံကြားက ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့အား အသင့်အနေအထားတွင် တပ်လှန့်ထားကြောင်း ထုတ်ဖော်ပြောကြားထားသည်။

တူရကီသာ ၎င်း၏အစီအစဉ်အား ဆက်လက်ဆောင်ရွက်လာပါက ဥရောပသမဂ္ဂနိုင်ငံများအနေဖြင့် တူရကီအပေါ် ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ပေးရန်လည်း ဂရိက ဖိအားပေးလျက်ရှိသည်။

ဂရိနှင့် တူရကီ နှစ်နိုင်ငံလုံးသည် နေတိုးအဖွဲ့ဝင်များဖြစ်သည်။ တူရကီသည် လက်ရှိအငြင်းပွားနေကြသော ရေပြင်၌ လာမည့်သီတင်းပတ်များအတွင် စူးစမ်းလေ့လာမှုများ၊ စစ်ရေးပြမှုများ ဆောင်ရွက်ရန် စီစဉ်ထားသည်။

အဆိုပါဧရိယာအား ဂရိက ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားသလို ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုကလည်း တူရကီ၏ အစီအစဉ်အား အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။

ပုံစာ - တူရကီနိုင်ငံ၏မြို့တော် အန်ကာရာ၌ မိန့်ခွန်းပြောကြားနေသော သမ္မတ ရီဆက်တာယစ် အာဒိုဂန်အား ဇူလိုင်လ ၂၁ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AP)

ဗီဒီယိုများ