- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရုရှားရေနံစက်ရုံ ၃ ရုံကိုဂျာမနီထိန်းချုပ်
လာမည့်နှစ်တွင် ရုရှားရေနံတင်သွင်းမှုကိုပိတ်ပင်တော့မည်ဖြစ်ရာ နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကိုအာမခံနိုင်ရန်အတွက် ဂျာမနီနိုင်ငံတွင်းရှိရုရှားရေနံစက်ရုံ ၃ ရုံကိုထိန်းချုပ်လိုက်ကြောင်းအာဏာပိုင်များကသောကြာနေ့တွင် ပြောကြားလိုက်သည်။
17 Sep 2022

DMG | စက်တင်ဘာ ၁၇
လာမည့်နှစ်တွင် ရုရှားရေနံတင်သွင်းမှုကိုပိတ်ပင်တော့မည်ဖြစ်ရာ နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကိုအာမခံနိုင်ရန်အတွက် ဂျာမနီနိုင်ငံတွင်းရှိရုရှားရေနံစက်ရုံ ၃ ရုံကိုထိန်းချုပ်လိုက်ကြောင်းအာဏာပိုင်များကသောကြာနေ့တွင် ပြောကြားလိုက်သည်။
Rosneft Deutschland GmbH နှင့် RN Refining & Marketing GmbHတို့ကိုဂျာမနီဗဟိုကွန်ရက်ဌာနအောက်တွင် ထားရှိမည်ဖြစ်ကြောင်းစီးပွားရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ရလဒ်အားဖြင့် PCK Schwedt ၊ MiRo နှင့် Bayernoilရေနံစက်ရုံများ၏ အစုရှယ်ယာများကိုလည်းအဆိုပါဌာနကထိန်းချုပ်ထားမည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Rosneftသည် ဂျာမနီလောင်စာဆီလိုအပ်ချက် စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေပြီးလစဉ် ယူရိုငွေ သန်းရာပေါင်းများစွာတန်ဖိုးရှိသည့် လောင်စာဆီများကိုရုရှားနိုင်ငံမှ တင်သွင်းနေခြင်း ဖြစ်သည်။
ယခုကဲ့သို့ စက်ရုံများကိုထိန်းချုပ်လိုက်သည့်အတွက် နိုင်ငံအတွက် စွမ်းအင်မပြတ်လပ်စေရန် အာမခံပေးနိုင်မည်ဖြစ်ပြီးခြောက်လအထိသက်တမ်းခံနိုင်မည်ဟုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရုရှားလောင်စာဆီတင်သွင်းမှုအားဥရောပသမဂ္ဂဘက်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပိတ်ပင်ရန် စီစဉ်ထားသော်လည်းRosneftဘက်ကမူလောင်စာဆီတင်သွင်းမှုကိုရပ်ဆိုင်းရန်မရှိကြောင်းအစောပိုင်းကရှင်းရှင်းလင်းလင်းပြောကြားထားသည်။
ဝန်ထမ်း ၁၂၀၀၀ ခန့်ရှိကာဘာလင်အပါအဝင် နိုင်ငံအရှေ့မြောက်ပိုင်း၌ ရေနံထုတ်ကုန်များထုတ်လုပ်လျက်ရှိသည့် PCK စက်ရုံ၏ အနာဂတ်အတွက် ရေရှည်အစီအစဉ်တစ်ရပ်ကိုကြေညာသွားမည်ဟုလည်းဂျာမနီစီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။