- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဂျာမနီကို ဓာတ်ငွေ့နှင့် လောင်စာဆီရောင်းရန် ယူအေအီး သဘောတူ
ရုရှားပို့ကုန်ကို အစားထိုးမည့် စွမ်းအင်လုံခြုံရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဂျာမနီအတွက် သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်ဆီအား အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံက ရောင်းချရန် သဘောတူလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Sep 2022

DMG ၊ စက်တင်ဘာ ၂၆
ရုရှားပို့ကုန်ကို အစားထိုးမည့် စွမ်းအင်လုံခြုံရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဂျာမနီအတွက် သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်ဆီအား အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံက ရောင်းချရန် သဘောတူလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျာမန်အဓိပတိ အိုလက်ရှော့ တက်ရောက်သည့် သဘောတူလက်မှတ် ရေးထိုးမှုအား ယူအေအီး စက်မှုဝန်ကြီး စူလတန်အာမက် အဲလ်ဂျာဘားက “အထင်ကရ သဘောတူညီမှုအသစ်” ဟု ညွှန်းဆိုလိုက်သလို “ယူအေအီးနှင့် ဂျာမနီတို့အကြား တောက်လျှောက် ကြီးထွားလာနေသည့် စွမ်းအင်မိတ်ဖက် အခြေအနေကို အားသစ်လောင်းလိုက်ခြင်း”ဟုလည်း ပြောကြားခဲ့သည်။
ဂျာမန်အဓိပတိ ရှော့သည် ယူအေအီး၊ ဆော်ဒီနှင့် ကာတာနိုင်ငံများသို့ သွားရောက်ပြီး စွမ်းအင်အရင်းအမြစ် အသစ်များအရေး ဆွေးနွေးမှုများ ပြုလုပ်သည့် ခရီးစဉ်အတွင်း ယူအေအီးနှင့် ယခုကဲ့သို့ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ယူအေအီး၏ အစိုးရပိုင် ရေနံကုမ္ပဏီ ADNOC သည် ဂျာမနီသို့ ယခုလအတွင်း လောင်စာဆီများကို ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက် ပေးပို့ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း တစ်နှစ်လျှင် ဒီဇယ်ဆီ တန်ပေါင်း ၂၅၀၀၀၀ ထောက်ပံ့သွားမည်ဟုလည်း ADNOC က ထုတ်ပြန်ထားသည်။
မော်စကိုက ရုရှားကို ကျူးကျော်တိုက်ခိုက်ခဲ့သည့်အတွက် စွမ်းအင်အကျပ်အတည်းများ ကြုံလာရပြီးနောက်တွင် ရုရှားစွမ်းအင်အထောက်အပံ့ကို အစားထိုးနိုင်ရန်အတွက် ရင်းမြစ်အသစ်များ ရှာဖွေရန် ရည်ရွယ်ပြီး ဂျာမန်အဓိပတိ အိုလက်ရှော့သည် ပင်လယ်ကွေ့နိုင်ငံများသို့ နှစ်ရက်ကြာ ခရီးသွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။