- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဂျာမနီပြတိုက်မှ ဓားပြတိုက်ခံခဲ့ရသည့် လက်ဝတ်ရတနာ အများစု ပြန်လည်ရရှိ
ဂျာမနီအမျိုးသားပြတိုက်မှ ၂၀၁၉ ခုနှစ်တွင် ဓားပြတိုက်ခံခဲ့ရသည့် လက်ဝတ်ရတနာများအနက် ပမာဏအများအပြားကို ပြန်တွေ့ထားပြီဖြစ်ကြောင်း ဂျာမန်အာဏာပိုင်များက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
19 Dec 2022

ဓာတ်ပုံ - AP
DMG | ဒီဇင်ဘာ ၁၉
ဂျာမနီအမျိုးသားပြတိုက်မှ ၂၀၁၉ ခုနှစ်တွင် ဓားပြတိုက်ခံခဲ့ရသည့် လက်ဝတ်ရတနာများအနက် ပမာဏအများအပြားကို ပြန်တွေ့ထားပြီဖြစ်ကြောင်း ဂျာမန်အာဏာပိုင်များက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
တန်ဖိုးဖြတ်မရသည့် ၁၈ ရာစုခေတ် လက်ဝတ်ရတနာများအနက် ၃၁ မျိုးကို စနေနေ့ညဉ့်တွင် ဘာလင်၌ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများထံမှ သိသည်။
သို့သော်လည်း ထင်ရှားသည့် လက်ဝတ်ရတနာအချို့မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
စနေနေ့ညဉ့်ပိုင်းက အာဏာပိုင်များ ထုတ်ပြန်ချက်၌ အဆိုပါလက်ဝတ်ရတနာများအား မည်သည့်နေရာတွင် မည်ကဲ့သို့ ရရှိခဲ့သည်ကို အသေးစိတ် ဖော်ပြမထားပေ။
ယခုကဲ့သို့ ရရှိခဲ့မှုသည် အစိုးရရှေ့နေများနှင့် တရားခံများအကြား ညှိနှိုင်းမှုကြောင့် ရရှိလာခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံ ဒရက်ဒန်းမြို့ရှိ ဂရင်းဗော့ပြတိုက်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း ဆုံးရှုံးခဲ့သည့် လက်ဝတ်ရတနာစုစုပေါင်း၏ အာမခံကြေးတန်ဖိုးမှာ ယူရိုငွေ ၁၁၃.၈ သန်းခန့်အထိ ရှိသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိတွင် ခြောက်ဦးကို တရားစွဲဆိုကာ စစ်ဆေးလျက်ရှိသည်။