အာဏာသိမ်းမယ့်အကြံ ပျက်ပြားသွားပြီးနောက် နောက်ထပ်ဖမ်းဆီးမှုတွေပြုလုပ်ဖို့ ဂျာမန်ရဲတပ်ဖွဲ့စီစဉ်နေ

ဂျာမန်တော်ဝင်မိသားစုဝင်ဟောင်းထဲက တစ်ဦးကို နိုင်ငံခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ပြင်ဆင်နေတဲ့ လက်ယာစွန်းရောက်အဖွဲ့ကို စစ်ဆေးနေချိန်မှာပဲ လာမယ့်ရက်တွေမှာလည်း နောက်ထပ်ဖမ်းဆီးမှုတွေ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

By Admin 10 Dec 2022

အာဏာသိမ်းမယ့်အကြံ ပျက်ပြားသွားပြီးနောက် နောက်ထပ်ဖမ်းဆီးမှုတွေပြုလုပ်ဖို့ ဂျာမန်ရဲတပ်ဖွဲ့စီစဉ်နေ

Heinrich XIII မင်းသား Reuss ကို ဖမ်းဆီးခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - AP

DMG | ဒီဇင်ဘာ ၁၀

ဂျာမန်တော်ဝင်မိသားစုဝင်ဟောင်းထဲက တစ်ဦးကို နိုင်ငံခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ပြင်ဆင်နေတဲ့ လက်ယာစွန်းရောက်အဖွဲ့ကို စစ်ဆေးနေချိန်မှာပဲ လာမယ့်ရက်တွေမှာလည်း နောက်ထပ်ဖမ်းဆီးမှုတွေ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

ထိန်းသိမ်းခံထားရသူတွေထဲမှာ ဂျာမနီနိုင်ငံက လက်ယာစွန်းရောက် Alternative For Germany(AFG)ပါတီက လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်း ပါဝင်တယ်လို့ ဂျာမန်အစိုးရရှေ့နေတွေက ပြောပါတယ်။

မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုမှာ ပူးပေါင်းကြံစည်သူဖြစ်တယ်လို့ စွပ်စွဲခံထားရသူတွေထဲ Thuringia ပြည်နယ်က တော်ဝင်အိမ်တော်ရဲ့ Heinrich XIII မင်းသား Reuss လည်း ပါဝင်တယ်လို့သိရပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိပြီး ဖြစ်တဲ့ မင်းသားက အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Reuss တော်ဝင်အိမ်တော်နဲ့ မင်းသားရဲ့ရုံးကို မှတ်ချက်ပေးဖို့တောင်းဆိုခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

ဒီဇင်ဘာ ၈ ရက်ကပြောကြားရာမှာတော့ "ကျွန်တော့်အတွေ့အကြုံတွေအရ ဆိုရင်တော့ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဒုတိယလှိုင်း ထပ်လာဖို့ရှိတယ်" လို့ပြောခဲ့ပါတယ်။

လုံခြုံရေးဝန်ထမ်း ၃၀၀၀ နီးပါးပါဝင်တဲ့စီးနင်းမှုမှာ သံသယရှိတဲ့အဖွဲ့ဝင် ၂၅ ဦး နဲ့ ထောက်ခံသူတွေကို ပြီးခဲ့တဲ့ဗုဒ္ဓ ဟူးနေ့ကဖမ်းဆီးခဲ့ပြီး ခေတ်သစ်ဂျာမန်သမိုင်းမှာ မကြုံစဖူးတဲ့အဖြစ်တစ်ခုပဲလို့ Maier ကပြောပါတယ်။

ဂျာမနီနိုင်ငံမှာ လက်ယာယိမ်းအဖွဲ့တွေ တိုးပွားလာပါတယ်။ အခုအဖြစ်အပျက်က ဥရောပရဲ့ ဒီမိုကရေစီနိုင်ငံ အတည်ငြိမ်ဆုံးတွေနဲ့ စီးပွားရေးအင်အားကြီး နိုင်ငံတွေအတွက်တော့ တုန်လှုပ်စရာဖြစ်ရပ်ပါပဲ။ အခုလို အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ ဖမ်းဆီးထားသူ ၂၅ ဦးရှိပါတယ်။

ဗီဒီယိုများ