- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ဟက်ဇဘိုလာ တပ်ဖွဲ့ဝင်များ၏ အချက်ပေးစက်များ တပြိုင်တည်း ပေါက်ကွဲမှုကြောင့် လူ ၃၀၀၀ ခန့် ဒဏ်ရာရ
လက်ဘနွန် နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် အင်္ဂါနေ့ညနေ ၃ နာရီခွဲခန့်မှစ၍ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ၄ နာရီခွဲခန့်အထိ ပေါက်ကွဲသံများ ကြားနေရဆဲဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
18 Sep 2024
လက်ဘနွန်နိုင်ငံတွင် စက်တင်ဘာလ ၁၇ ရက်နေ့က ဟက်ဇဘိုလာ တပ်ဖွဲ့ဝင်များ အသုံးပြုသည့် အချက်ပေးစက် (Pager) များ တပြိုင်တည်း ပေါက်ကွဲခဲ့သဖြင့် လူပေါင်း ၃၀၀၀ နီးပါး ဒဏ်ရာရပြီး သေဆုံးသူလည်း ၉ ဦးထက်မနည်းရှိကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် အင်္ဂါနေ့ညနေ ၃ နာရီခွဲခန့်မှစ၍ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ၄ နာရီခွဲခန့်အထိ ပေါက်ကွဲသံများ ကြားနေရဆဲဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ဒဏ်ရာရသူ အများစုမှာ ဟက်ဇဘိုလာ တပ်ဖွဲ့ဝင်များဖြစ်သည်။ အချို့ပေါက်ကွဲမှုများသည် စက်မှ အချက်ပေးသံမြည်ပြီးနောက် ပေါက်ကွဲကြခြင်း ဖြစ်သည်။ အချက်ပေးသံ မြည်လာသဖြင့် လက်နှင့်ကိုင်ခြင်း၊ နားအနားကပ်ပြီး နားထောင်ခြင်းတို့ ပြုလုပ်စဉ် ပေါက်ကွဲခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် အကြီးအကျယ် ပျက်စီးမှုများ၊ မီးစွဲလောင်မှုများတော့ မရှိခဲ့ပေ။ သို့သော်လည်း စက်နှင့်အနီးကပ် ရှိနေသည့်အရာများကို ထိခိုက်စေသဖြင့် လက်ချောင်းများ ပြတ်ထွက်သွားခြင်း၊ မျက်နှာကို ထိခိုက်ဒဏ်ရာရသွားစေခြင်း၊ အချက်ပေးစက်ကို ချိတ်ဆွဲထားသည့် ခါးပတ်လည်ကို ဒဏ်ရာရသွားစေခြင်းတို့ ရှိသည်။
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်သည် ထိုင်ဝမ်လုပ် အဆိုပါစက်အလုံး ၅၀၀၀ အတွင်း ပေါက်ကွဲစေတတ်သည့်ပစ္စည်း အနည်းငယ်စီ ထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း လက်ဘနွန် အကြီးတန်းလုံခြုံရေး အရာရှိတစ်ဦးအပါအဝင် အခြား သတင်းရင်းမြစ်များက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ပေါက်ကွဲသွားသည့် အချက်ပေးစက်များကို စစ်ဆေးရာတွင် စက်၏ကျောဘက်၌ ကပ်ထားသည် တံဆိပ်များနှင့် စက်ဒီဇိုင်းများသည် ထိုင်ဝမ်အခြေစိုက် အချက်ပေးစက် ထုတ်လုပ်သည့် ကုမ္ပဏီ Gold Apollo မှ ထုတ်လုပ်သည့်စက်များနှင့် ပုံစံတူဖြစ်နေသည်ကို တွေ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
အဆိုပါစက်များသည် ဖုန်းခေါ်ဆိုမှုများ မပြုလုပ်နိုင်သော်လည်း မက်ဆေ့များ ပေးပို့နိုင်သည်။ အီရန် ကျောထောက်နောက်ခံ ပေးထားသည့် ဟက်ဇဘိုလာ တိုက်ခိုက်ရေးသမားများသည် အစ္စရေးက ၎င်းတို့၏ နေရာများကို ခြေရာမခံနိုင်စေရန်အတွက် Pager အချက်ပေးစက်များ အသုံးပြုကာ အချင်းချင်း ဆက်သွယ်ကြခြင်း ဖြစ်သည်။ ပေါက်ကွဲမှုများအပေါ် စစ်ဆေးနေကြောင်း ဟက်ဇဘိုလာဘက်က ထုတ်ပြန်ထားသည်။