- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
အပူဒဏ်ပြင်းထန်မှုကြောင့် ဥရောပတွင် ၂၀၂၃ အတွင်း လူပေါင်း ၄၇၀၀၀ ကျော်သေဆုံးခဲ့
ဥတုရာသီ ပြောင်းလဲမှုနှင့်အတူ ကမ္ဘာတဝန်းတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်သည် ကမ္ဘာ့အပူပြင်းဆုံးနှစ် ဖြစ်ခဲ့သည်။
14 Aug 2024

၂၀၂၃ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် ပြင်းထန်လှသော အပူရှိန်ကြောင့် ဥရောပတိုက်တခွင်တွင် သေဆုံးသူ အရေအတွက်သည် ၄၇၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ဘာစီလိုနာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အင်စတီကျူ (ISGlobal) အစီရင်ခံစာအရ သိရသည်။
ဥတုရာသီ ပြောင်းလဲမှုနှင့်အတူ ကမ္ဘာတဝန်းတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်သည် ကမ္ဘာ့အပူပြင်းဆုံးနှစ် ဖြစ်ခဲ့သည်။ ဥရောပနိုင်ငံများတွင် အပူရှိန်သည် အမြန်ဆုံးနှုန်းထားဖြင့် မြင့်တက်နေပြီး ပြင်းထန်အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုမည့် အန္တရာယ်နှင့် ကြုံနေရကြောင်း ISGlobal က သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
လေ့လာသူများသည် ဤအစီရင်ခံစာကို ပြုစုရာတွင် ဥရောပနိုင်ငံ ၃၅ နိုင်ငံမှ သေဆုံးမှုနှင့် အပူရှိန်မှတ်တမ်းများကို အသုံးပြုခဲ့သည်။ အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက်သည် ၄၇၆၉၀ ဦးရှိခဲ့သည်။ ဂရိ၊ ဘူဂေးရီးယား၊ အီတလီနှင့် စပိန်တို့သည် သေဆုံးသူနှုန်းထား အမြင့်ဆုံး နိုင်ငံများ ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အပူဒဏ်နှင့် ဆက်စပ်အန္တရာယ်များကြောင့် သေဆုံးသူ အရေအတွက်သည် ၆၀၀၀၀ ကျော်ရှိခဲ့သည်။
“လက်ရှိရာစုနှစ်အတွင်းတွင် လူမှုဘဝပုံစံများသည် မြင့်တက်လာသည့် အပူဒဏ်နှင့် လိုက်လျောညီထွေဖြစ်အောင် ညှိလာကြသည်ကို မိမိတို့၏ ရလဒ်များက ပြသနေသည်။ ယခုကဲ့သို့ ညှိလာနိုင်သည့်အတွက် ပြီးခဲ့သည့် နွေကာလများအတွင်း အထူးသဖြင့် သက်ကြီးရွယ်အိုများ ကြားတွင် အပူဒဏ်ကြောင့် ထိခိုက်ခံစားရခြင်းနှင့် သေဆုံးရခြင်းကို သိသိသာသာ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်” ဟု ISGlobal ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။