- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
တရုတ်တောင်ပိုင်းမှာ မိုးကြီးရေလျှံသည့် တချိန်တည်း၌ မြောက်ပိုင်းမှာ မိုးနည်းကာ ပြင်းထန်အပူဒဏ် ရင်ဆိုင်နေရ
နိုင်ငံတောင်ပိုင်းရှိ ကွေ့လင်းမြို့တွင် ပြီးခဲ့သော သီတင်းပတ်အတွင်း မြစ်ရေလျှံခဲ့ပြီး မြစ်ထဲပြုတ်ကျခဲ့သော ကျောင်းသား၏ အလောင်းကို ဇွန်လ ၁၅ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း စီစီတီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jun 2024
တရုတ်နိုင်ငံတွင် တောင်ပိုင်းဒေသအချို့၌ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများကြောင့် ပြည်သူ သောင်းပေါင်းများစွာ နေရပ်စွန့်ခွာနေရချိန်၌ နိုင်ငံမြောက်ပိုင်းတွင်မူ အပူဒဏ်မြင့်တက်ကာ မိုးခေါင်ရေရှား ဖြစ်မည့် အလားအလာနှင့် ရင်ဆိုင်နေရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတောင်ပိုင်းရှိ ကွေ့လင်းမြို့တွင် ပြီးခဲ့သော သီတင်းပတ်အတွင်း မြစ်ရေလျှံခဲ့ပြီး မြစ်ထဲပြုတ်ကျခဲ့သော ကျောင်းသား၏ အလောင်းကို ဇွန်လ ၁၅ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း စီစီတီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကွမ်းရှီဒေသတွင်လည်း မိုးသည်းထန်မှုကြောင့် ကျေးရွာအချို့တွင် နေအိမ်များ ရေထဲမျောပါသွားခြင်းမျိုး ရှိခဲ့သည်။
နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ ၃၆၀၀၀ ခန့်ရှိကြောင်း အစိုးရပိုင် စီစီတီဗီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ယခုနှစ် အစောပိုင်းကလည်း နိုင်ငံအရှေ့ပိုင်း ကျန်းရှီပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးမုန်တိုင်းများ ကျရောက်ခဲ့သဖြင့် လူ ခုနစ်ဦးအထိ သေဆုံးခဲ့သည်။
နိုင်ငံတောင်ပိုင်းတွင်မူ မြို့တော် ဘေဂျင်းအပါအဝင် နေရာအများအပြား၌ ပြီးခဲ့သော သီတင်းပတ်တွင် အပူဒဏ်မြင့်တက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ တနင်္လာနေ့တွင် ဘေဂျင်းရှိ နေရာအများအပြားနှင့် မြိုတော် အနီးတဝိုက် ဧရိယာများ၊ ရှင်ကျန်းပြည်နယ်နှင့် မွန်ဂိုလီးယားဒေသ အတွင်းပိုင်းတို့တွင် အပူရှိန်သည် ၃၈ ဒီဂရီ ဆဲစီးယပ်အထိ မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။
နိုင်ငံမြောက်ပိုင်းတွင် မိုးနည်းသဖြင့် ယခုနှစ် လယ်ယာစိုက်ပျိုးရေးအတွက်လည်း စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လျက်ရှိသည်။
တရုတ်ဒုတိယဝန်ကြီးချုပ် လျူဂိုရွှန်းက ဘေဂျင်းနှင့် ထိကပ်နေသည့် ဟီဘေပြည်နယ်သို့ ဇွန်လ ၁၅ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကာ မိုးခေါင်ရေရှားပြဿနာ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။
တရုတ်အစိုးရသည် ဥတုရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြင်းထန်ရာသီဥတုများအတွက် ကြိုတင်ပြင်ဆင်ရေးတို့ ဆောင်ရွက်ကြရန် ထပ်တလဲလဲ တိုက်တွန်းပြောကြားလျက်ရှိသည်။