- AA ထိန်းချုပ်ဒေသတွင် ဒုစရိုက်မှု တိုးလာ၊ ကျူးလွန်သူထဲတွင် အသက်မပြည့်သေးသူများ ပါဝင်နေ
- ၂၀၂၄ ရွေးကောက်ပွဲ ဘိုင်ဒန်ဝင်ပြိုင်မည့် အစီအစဉ် "အဆင်အခြင်မဲ့လုပ်ရပ်" ဟု ကာမာလာဟဲရစ် ဝေဖန်
- ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ
- သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးပါ ငါးဖမ်းစက်လှေ တစ်စီးကို AA ဖမ်းဆီး
အိန္ဒိယနယ်စပ်သမိုင်းကြောင်း စာအုပ်များရေးသားပြုစုထုတ်ဝေရန် အိန္ဒိယအစိုးရ ခွင့်ပြု
အိန္ဒိယနယ်စပ်ဒေသများ၏ တိုင်းရင်းသားလူမျိုးနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းများကို နောက်ကြောင်းပြန်လေ့လာ မှတ်တမ်းတင်မည့် စာအုပ်များရေးသားပြုစုထုတ်ဝေရန် အိန္ဒိယအစိုးရက ခွင့်ပြုလိုက်ကြောင်း Hindustan Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
24 Sep 2019

အိန္ဒိယနယ်စပ်ဒေသများ၏ တိုင်းရင်းသားလူမျိုးနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းများကို နောက်ကြောင်းပြန်လေ့လာ မှတ်တမ်းတင်မည့် စာအုပ်များရေးသားပြုစုထုတ်ဝေရန် အိန္ဒိယအစိုးရက ခွင့်ပြုလိုက်ကြောင်း Hindustan Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ထိုစီမံကိန်းကို ကာကွယ်ရေးဝန်ကြီးဌာနက စတင်အကြံပြုတင်သွင်းခြင်းဖြစ်ပြီး ယခုအခါတွင် အက်ခ်ရှိုင်ချင်း၊ ပုတ်ခရန်၊ မိုးရေးတို့ကဲ့သို့သော အိန္ဒိယနိုင်ငံ၏ သမိုင်းကြောင်းမှတ်တမ်းတင်ထားရှိမှုနည်းပါးသော နယ်စပ်ဒေသများ၏ လူများနှင့်ယဉ်ကျေးမှုများအကြောင်းကို သုတေသနပြုရေးသားရန် ပညာရှင်များကိုရွေးချယ်ထားပြီး ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက်သ်ဆင်းဂျ်ဟာ အိန္ဒိယသမိုင်းသုတေသနကောင်စီ၊ နေရူးအထိမ်းအမှတ်ပြတိုက်နှင့် စာကြည့်တိုက် (NMML)၊ မော်ကွန်းတိုက်များဦးစီးဌာန နှင့် ပြည်ထဲရေးနှင့်ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး အိန္ဒိယနယ်စပ်သမိုင်းကြောင်း စာအုပ်များရေးသားပြုစုထုတ်ဝေရန် ပဏာမဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းသည် နယ်စပ်ဒေသများအကြောင်းကို အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများ ပိုမိုသိရှိနားလည် သဘောပေါက်လာအောင်ပံ့ပိုးကူညီပေးလိမ့်မည်ဟု စီမံကိန်း၏အရေးကြီးပုံနှင့်ပတ်သက်ပြီး ဆင်းဂျ်က အလေးထား ပြောကြားထားသည်။
လက်ရှိအချိန်တွင် စာအုပ်များနှင့် သုတေသနစာတမ်းများပါဝင်မည့် ယင်းစီမံကိန်းအတွက် ကနဦးလုပ်ငန်းများကို စတင်ဆောင်ရွက်ထားပြီးပြီဖြစ်ကြောင်း နေရူးအထိမ်းအမှတ်ပြတိုက်နှင့်စာကြည့်တိုက်(NMML)၏ ဒါရိုက်တာကလည်း ပြောကြားသည်။
ယခုကဲ့သို့ နယ်စပ်ဒေသများ၏ တိုင်းရင်းသားမျိုးနွယ်များနှင့်ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းများကို သုတေသနပြု လေ့လာပြီး စာအုပ်၊စာတမ်းများထုတ်ဝေပေးခြင်းသည် ယင်းဒေသများတွင်တာဝန်ထမ်းဆောင်ရသော စစ်သားများနှင့် အစိုးရအရာအရာရှိများကို များစွာအထောက်အကူပြုလိမ့်မည်ဟု အိန္ဒိယတပ်မတော်၏ အငြိမ်းစားထိပ်တန်းအရာရှိကြီးတစ်ဦးမှ မှတ်ချက်ပေးသည်။
အိန္ဒိယနိုင်ငံသည် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ တရုတ် နိုင်ငံတို့နှင့်နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။