- AA ထိန်းချုပ်ဒေသတွင် ဒုစရိုက်မှု တိုးလာ၊ ကျူးလွန်သူထဲတွင် အသက်မပြည့်သေးသူများ ပါဝင်နေ
- ၂၀၂၄ ရွေးကောက်ပွဲ ဘိုင်ဒန်ဝင်ပြိုင်မည့် အစီအစဉ် "အဆင်အခြင်မဲ့လုပ်ရပ်" ဟု ကာမာလာဟဲရစ် ဝေဖန်
- ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ
- သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးပါ ငါးဖမ်းစက်လှေ တစ်စီးကို AA ဖမ်းဆီး
သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမာခံ မဟာမိတ်တစ်ဦးဖြစ်သလို ဆိုရှယ်မီဒီယာတွင်လည်း နာမည်ကြီးသည့် ချာလီကာ့ခ်သည် စက်တင်ဘာလ ၁၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု ယူတာကောလိပ်တွင် ရောက်ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Sep 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမာခံ မဟာမိတ်တစ်ဦးဖြစ်သလို ဆိုရှယ်မီဒီယာတွင်လည်း နာမည်ကြီးသည့် ချာလီကာ့ခ်သည် စက်တင်ဘာလ ၁၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု ယူတာကောလိပ်တွင် ရောက်ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၃၁ နှစ်အရွယ် ကွန်ဆာဗေးတစ်ဦးဖြစ်သူ ချာလီကာ့ခ်သည် ယူတာဗေလီတက္ကသိုလ်ရှိ အခမ်းအနားတစ်ခု၌ စကားပြောနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုဖိုင်တစ်ခု၌ လည်ပင်းကို သေနတ်ထိမှန်သွားသည်ကို တွေ့ရသည်။
အဆိုပါ သေနတ်ကျည်သည် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်မှ လာသည်ဟု ယူဆရပြီး တမင်ရည်ရွယ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ဟန်ရှိကြောင်း စစ်ဆေးရေးမှူးများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြသည်။
သေနတ်သမားကို ဖမ်းဆီရမိခြင်း ရှိ၊မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အစောပိုင်းတွင် လုံခြုံရေးအဖွဲ့ဝင်များက လူနှစ်ယောက်ကို ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ချာလီကာ့ခ်သည် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အောင်နိုင်ရေးအတွက် အကြီးအကျယ် စည်းရုံးဟောပြောခဲ့သူ ဖြစ်သလို သေနတ်ကိုင်ဆောင်ခွင့်အတွက် ထောက်ခံအားပေးသူလည်း ဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သမ္မတထရမ့်က "အမေရိကအတွက် မှောင်မိုက်သော အခိုက်အတန့်တစ်ခု" ဖြစ်သလို ကာ့ခ်သည်လည်း "အမှန်တရားအတွက် အာဇာနည်တစ်ဦး" ဖြစ်သည်ဟု သူ၏ ဆိုရှယ်ကွန်ရက် "Truth" တွင် ပြောကြားထားသည်။ ယခုလုပ်ရပ်တွင် ပါဝင်ခဲ့သူ တစ်ယောက်ချင်းစီတိုင်းကို မိမိတို့ အစိုးရအဖွဲ့က လိုက်လံရှာဖွေသွားမည်ဟုလည်း ထရမ့်က ပြောသည်။