- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
တောင်တရုတ်ပင်လယ်တွင် အိန္ဒိယက စစ်သင်္ဘောများ တပ်ဖြန့်
အိန္ဒိယနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်နိုင်ရန်အတွက် ယခုလအတွင်း တောင်တရုတ်ပင်လယ်၌ ရေတပ် လုံခြုံရေးတစ်စိတ်တစ်ခုကို နေရာချထားကြောင်း အိန္ဒိယအရာရှိများက သြဂုတ်လ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
06 Aug 2021
DMG ၊ ဩဂုတ် ၆
အိန္ဒိယနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်နိုင်ရန်အတွက် ယခုလအတွင်း တောင်တရုတ်ပင်လယ်၌ ရေတပ် လုံခြုံရေးတစ်စိတ်တစ်ခုကို နေရာချထားကြောင်း အိန္ဒိယအရာရှိများက သြဂုတ်လ ၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပဲ့ထိန်းဒုံးဖျက် သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောလေးစင်းနှင့် အစောင့်စစ်သင်္ဘောတစ်စင်းတို့အား အရှေ့တောင်အာရှ၊ တောင်တရုတ်ပင်လယ်နှင့် အနောက်ပစိဖိတ် ဧရိယာများတွင် နှစ်လကြာ တပ်ဖြန့်ထားမည်ဟု အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရေတပ်သင်္ဘောများအား တပ်ဖြန့် နေရာချထားမှုသည် စီမံခန့်မှုဆိုင်ရာ လက်လှမ်းမီမှုကို ထင်ရှားစေရန်၊ ငြိမ်းချမ်းရေး တည်ရှိမှု၊ အဏ္ဏဝါ ထိန်းချုပ်ရေးအပိုင်းတွင် အစီအစဉ်တကျ ရှိစေရေးအတွက် မိတ်ဖက်နိုင်ငံများနှင့် တစ်သားတည်းရပ်တည်မှုတို့ ရှိစေရန် ရည်ရွယ်သည်” ဟု အိန္ဒိယရေတပ်က ဆိုသည်။
တောင်တရုတ်ပင်လယ်သည် တရုတ်နှင့် အမေရိကန်အကြား အားပြိုင်နေကြသည့် ပေါက်ကွဲလုနီးနီး ဆုံချက်များအနက် တစ်ခုဖြစ်သည်။ သယံဇာတ ကြွယ်ဝသော အဆိုပါရေပြင်အား တရုတ်တို့က ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး အမေရိကန်အစိုးရက ထိုကြေညာချက်ကို ပယ်ချထားသည်။
အိန္ဒိယစစ်တပ်သည် ပုံမှန်အားဖြင့် တရုတ်နှင့် ပဋိပက္ခဖြစ်ပွားမည်ကို အထူးသတိထား ရှောင်ကြဉ်လေ့ရှိသည်။ သို့သော် ပြီးခဲ့သောနှစ်က တရုတ်-အိန္ဒိယနယ်စပ်တွင် နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် အိန္ဒိယ၏ လုပ်ဆောင်ချက်များသည် ပိုမိုတင်းမာလာခဲ့သည်။
ထိုအချိန်တည်းက အိန္ဒိယသည် တရုတ်ကို နောက်ပြန်ဆုတ်အောင် တွန်းအားပေးရေးအတွက် အမေရိကန်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ရှိလာခဲ့သည်။