- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်တပ် အကောင်အထည်ဖော်လိုသည့် စေတနာ မတွေ့ရသေးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော
အာဆီယံနှင့် သဘောတူညီခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်သော်လည်းကောင်း၊ စိတ်ရင်းစေတနာသော်လည်းကောင်း တစ်စုံတစ်ရာမျှ မြန်မာစစ်အစိုးရထံတွင် မတွေ့ရသေးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
07 Aug 2022

DMG ၊ ဩဂုတ် ၇
အာဆီယံနှင့် သဘောတူညီခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်သော်လည်းကောင်း၊ စိတ်ရင်းစေတနာသော်လည်းကောင်း တစ်စုံတစ်ရာမျှ မြန်မာစစ်အစိုးရထံတွင် မတွေ့ရသေးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
ဝန်ကြီး ရက်နိုမာဆူဒီက သြဂုတ်လ ၃ ရက်နေ့ နှောင်းပိုင်းတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီးသည် ယခုသီတင်းပတ်တွင် နိုင်ငံတကာခေါင်းဆောင်များနှင့်အတူ ဆွေးနွေးပွဲကြီးတစ်ရပ် ကျင်းပလျက်ရှိသည်။
ယခုတွေ့ဆုံမှု၌ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့အရေးနှင့် ပတ်သက်၍ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ရန်ရှိသည် ဟုလည်း ဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့အား မြန်မာစစ်တပ်က ဖြုတ်ချကာ အာဏာရယူခဲ့သည်။
မြန်မာ့အရေးကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အာဆီယံအဖွဲ့ကြီးသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သော်လည်း တစ်နှစ်ကျော် ကြာမြင့်လာသည့်အထိ အဆိုပါ သဘောတူညီချက်များ မည်မည်ရရ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။