- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အင်ဒိုငလျင်ကြောင့် သေဆုံးသူအရေအတွက် ၃၁၀ အထိမြင့်တက်
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းဆွယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် လက်ရှိအချိန်အထိ ၃၁၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်အရ သိရသည်။
26 Nov 2022

ဓာတ်ပုံ - AP
DMG ၊ နိုဝင်ဘာ ၂၆
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းဆွယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် လက်ရှိအချိန်အထိ ၃၁၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်အရ သိရသည်။
ကယ်ဆယ်ရေးဝန်ထမ်းများသည် ငလျင်ကြောင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည့် နေရာများတွင် ဆက်လက် ရှာဖွေနေကြဆဲဖြစ်သည်။
လတ်တလောတွင် ပျောက်ဆုံးနေဆဲ အရေအတွက်သည် အနည်းဆုံး ၂၄ ဦးရှိကြောင်းလည်း တာဝန်ရှိသူအရာရှိတစ်ဦး၏ ပြောကြားကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြထားသည်။
ငလျင်ကြောင့် သေဆုံးရသူများအတွက် ဒေသခံများသည် နိုဝင်ဘာလ ၂၅ ရက် သောကြာနေ့က အကြီးအကျယ် ပျက်စီးနေသည့် ဗလီများတွင် စုဝေးပြီး ဝတ်ပြုခဲ့ကြသလို အချို့သည်လည်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများအနီးတွင် ဝတ်ပြုခဲ့ကြသည်။
အင်အား ၅ ဒသမ ၆ မဂ္ဂနီကျုရှိသည့် အဆိုပါငလျင်သည် အနောက်ဂျာဗားတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းက လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်ကြောင့် ဒဏ်ရာရရှိသူပေါင်း နှစ်ထောင်ကျော်ရှိခဲ့သည်။
နေအိမ်ပေါင်း ငါးသောင်းခွဲထက်မနည်း ပျက်စီးခဲ့သလို ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသူပေါင်း သုံးသောင်းခွဲခန့်ရှိကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ကယ်ဆယ်ရေးသမား ၁၄၀၀ ထက်မနည်းသည် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် ရွှံ့နွံများ၊ ကျောက်တုံးကျောက်ခဲ့များ၊ အိမ်ရာအပျက်အစီးပုံများကြားတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြဆဲ ဖြစ်သည်။