အင်ဒိုနီးရှားတွင် ကိုဗစ်ကာကွယ်ဆေး တစ်သန်း သိုလှောင်သက်တမ်း တိုတောင်းမှုကြောင့် လွှင့်ပစ်ရ

အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း တစ်သန်းကျော်သည် မဖြန့်ဖြူးမီ သက်တမ်းကုန်ဆုံးသွားသဖြင့် စွန့်ပစ်လိုက်ရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းတို့ထဲမှ အများစုမှာ သက်တမ်းကုန်ဆုံးရန် ကာလအနည်းငယ် အလိုတွင် လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

By DMG 21 Jan 2022

ဓာတ်ပုံ - Reuters

အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း တစ်သန်းကျော်သည် မဖြန့်ဖြူးမီ သက်တမ်းကုန်ဆုံးသွားသဖြင့် စွန့်ပစ်လိုက်ရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းတို့ထဲမှ အများစုမှာ သက်တမ်းကုန်ဆုံးရန် ကာလအနည်းငယ် အလိုတွင် လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

လွှင့်ပစ်ခဲ့ရသော ကာကွယ်ဆေးပေါင်း ၁.၁ သန်းကျော်တွင် ၉၈ ရာခိုင်နှုန်းမှာ သက်တမ်းကုန်ဆုံးရန် တစ်လမှသုံးလကြား အလိုတွင် လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ဘူဒီဂနာဒီစဒီကင်က ပါလီမန်သို့ ဗုဒ္ဓဟူးနေတွင် ပြောကြားခဲ့သည်။

ချမ်းသာသော နိုင်ငံများသည် ကာကွယ်ဆေးများကို ၎င်းတို အချိန်မှီထိုးနှံပေးနိုင်သည်ထက် ပိုမိုဝယ်ယူကြပြီးနောက် လျင်မြန်စွာပြန်လည် ဖြန့်ဖြူးနိုင်မည့်နေရာများသို့ ပြန်လည်လှူဒါန်းရန် ကြိုးပမ်းခဲ့ကြပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ အင်ဒိုနီးရှားသို အလျင်စလိုတင်ပို့မှု ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ထပ်လောင်း ပြောကြားသည်။ နောက်နောင်တွင် အစိုးရသည် ပိုမိုစိစစ်၍ သုံးလ သို့မဟုတ် သုံးလထက်ပိုသော သက်တမ်းရှိသည့် ကာကွယ်ဆေးများကိုသာ လက်ခံသွားမည်ဟုလည်း သူကပြောသည်။

''ဒီဆေးတွေက အခမဲ့ဖြစ်တဲ့အပြင် ကျွန်တော်တို့ပြည်သူတွေကို ပေးနိုင်တဲ့ ဆေးဝါးကောင်းဖြစ်တဲ့အတွက် ဒီဆေးတွေကို ကြိုးစားပြီး လက်ခံဦးမှာပါ'' ဟုလည်း ဝန်ကြီးက ပြောကြားသည်။

အင်ဒိုနီးရှားသည် ၎င်း၏ ကိုဗစ်ထပ်ဆောင်းအားဖြည့်ဆေး ထိုးနှံမှု အစီအစဉ်အတွက် နောက်ထပ် ကိုဗစ်ကာကွယ်ဆေးပေါင်း သန်း ၁၀၀ ခန့် လိုအပ်နေပြီး အများစုမှာ ကိုဗက်အစီအစဉ်မှ လှူဒါန်းမှုများဖြစ်ပြီး ကျန်ရရှိမှုများမှ နှစ်နိုင်ငံ သဘောတူညီချက်များမှတစ်ဆင့် ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။

နိုင်ဂျီးရီးယားနှင့် ယူဂန်ဒါအပါအဝင် အခြားနိုင်ငံများသည် ကာလတိုတောင်းသောကြောင့် သက်တမ်းလွန်သွားသော ကာကွယ်ဆေးများကို ဖျက်ဆီးပစ်ခဲ့ရပြီး ကိုဗက်၏ ဆင်းရဲနွမ်းပါးသောနိုင်ငံများသို့ ကာကွယ်ဆေးများ ဖြန့်ဝေရန် ကြိုးပမ်းအားထုတ်မှုတွင် နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့သည်။

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားသည် ယခုအချိန်အထိ ကာကွယ်ဆေးထိုးနှံမှုပေါင်း သန်း ၃၀၀ ကျော်၊ နိုင်ငံလူဦးရေ သန်း ၂၇၀ ၏ ၄၄ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီး ဖြစ်သည်။

ဗီဒီယိုများ