- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
စီးပွားရေးသူလျှိုလုပ်မှုနဲ့ တရုတ်သူလျှိုတစ်ဦးကို အမေရိကန်မှာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်
အမေရိကန်နဲ့ ပြင်သစ် အာကာသယာဉ်ကုမ္ပဏီတွေကနေ နည်းပညာခိုးယူမှုနဲ့ တရုတ်ထောက်လှမ်းရေးအရာရှိ တစ်ယောက်ကို အမေရိကန်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၆ ရက်)မှာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ တရားရေးဌာနက ပြောကြားလိုက်ပါတယ်။
18 Nov 2022

နည်းပညာအချက်အလက်တွေ ခိုးယူခဲ့သူ တရုတ်ထောက်လှမ်းရေးအရာရှိ Xu Yanjun။ (ဓာတ်ပုံ – WLWT)
DMG | နိုဝင်ဘာ ၁၈
အမေရိကန်နဲ့ ပြင်သစ် အာကာသယာဉ်ကုမ္ပဏီတွေကနေ နည်းပညာခိုးယူမှုနဲ့ တရုတ်ထောက်လှမ်းရေးအရာရှိ တစ်ယောက်ကို အမေရိကန်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၆ ရက်)မှာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ တရားရေးဌာနက ပြောကြားလိုက်ပါတယ်။
နည်းပညာအချက်အလက်တွေခိုးယူခဲ့သူ ထောက်လှမ်းရေးအရာရှိက Xu Yanjun ဆိုသူဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း လေယာဉ်အင်ဂျင်ထုတ်လုပ်တဲ့ GE Aviation နဲ့ ပြင်သစ်နိုင်ငံရဲ့ Safran Group က ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေခိုးယူဖို့ တရုတ် အစိုးရရဲ့ ၅ နှစ်ကြာစီမံကိန်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
တရုတ်အစိုးရရဲ့စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသား ၁၁ ယောက်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလက အိုဟိုင်းယိုးပြည်နယ် စင်စင်နာတီမြို့ရဲ့ ဖက်ဒရယ်တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။ စွဲချက်တင်ခံထားရတဲ့ တရုတ်နိုင်ငံသား ၁၁ ယောက်ထဲမှာ ထောက်လှမ်းရေးအရာရှိ ၂ ယောက်ပါဝင်ပြီး တစ်ယောက်ကိုတော့ ၂၀၁၈ ခုနှစ် ဧပြီလက ဘယ်လ်ဂျီယံနိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနက ထောက်လှမ်းရေးအရရှိကို အမေရိကန်ပြည်ထောင်စုဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
“Xu က အမေရိကန်လေကြောင်း ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး တရုတ်နိုင်ငံကို ခရီးသွားရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ထမ်းတွေဆီက ကိုယ်ရေးအချက်အလက်တွေကို နှိုက်ယူခဲ့တယ်။ ဒါတွေဟာ တရုတ်အစိုးရကိုယ်စား လုပ်ခဲ့တာ”လို့ တရားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“အခုအမှုက ရှင်းရှင်းလင်းလင်း ပေးချင်တဲ့ သတင်းစကားကတော့ အမေရိကန်ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ခိုးယူဖို့ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့က တာဝန်ယူမှုရှိအောင် ဆောင်ရွက်သွားမယ်ဆိုတာပါပဲ” လို့ အိုဟိုင်းယိုးပြည်နယ်ရှေ့နေ Kenneth Parker ကပြောပါတယ်။