- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ပါလက်စတိုင်းဒေသရှိ ဂျူးအခြေချအိမ်ရာများ တရားမဝင်ဟု သတ်မှတ်မှုအပေါ် အမေရိကန်ရပ်တည်ချက် ပြောင်း
အစ္စရေးတို့သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသသို့ အစ္စရေးအစိုးရ၏ထောက်ပံ့မှုဖြင့် ဂျူးများ ဝင်ရောက်အခြေချနေထိုင်မှုအပေါ် အမေရိကန်အစိုးရက မူလကတရားမဝင်ဟု သတ်မှတ်ခဲ့သော်လည်း လက်ရှိထရမ့်အစိုးရက ရပ်တည်ချက်ပြောင်းလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
20 Nov 2019

အစ္စရေးတို့သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသသို့ အစ္စရေးအစိုးရ၏ထောက်ပံ့မှုဖြင့် ဂျူးများ ဝင်ရောက်အခြေချနေထိုင်မှုအပေါ် အမေရိကန်အစိုးရက မူလကတရားမဝင်ဟု သတ်မှတ်ခဲ့သော်လည်း လက်ရှိထရမ့်အစိုးရက ရပ်တည်ချက်ပြောင်းလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ဂျူးအိမ်ရာများ ဝင်ရောက်အခြေချခြင်းကို နိုင်ငံတကာဥပဒေနဲ့မညီကြောင်း အမေရိကန်တို့က ယခင်က ဆိုခဲ့သော်လည်း ယခုအခါ ဥပဒေမဲ့လုပ်ရပ်အဖြစ် ရှုမြင်ခြင်းမရှိတော့ခြင်းဖြစ်ပြီး အမေရိကန်တို့၏ ထိုသို့ ရပ်တည်ချက်ပြောင်းလဲမှုကို ကြိုဆိုကြောင်း အစ္စရေးအစိုးရက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အနောက်ဘက်ကမ်းရှိ အခြေအနေများသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ညှိရမည့်ကိစ္စသာဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
သမ္မတအိုဘားမား လက်ထက်က ယင်းသို့ အစ္စရေးတို့ ဝင်ရောက်အခြေချ နေထိုင်မှုများကို လုံးဝ လက်မခံခဲ့သော်လည်း ထရမ့်အစိုးရက အနေအထားကို လုံးဝပြောင်းလိုက်ခြင်း ဖြစ်သည်။
၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအပြီးနောက် အစ္စရေးဘက်က သိမ်းထားသော အနောက်ဘက်ကမ်းရှိ မြေများပေါ်တွင် အစ္စရေးက အိမ်ရာများ လာရောက်တည်ဆောက်ကာ ဂျူးများကို အခြေချနေထိုင်စေခြင်း ဖြစ်သည်။
ဥပဒေရေးရာအရ နှစ်ဖက်အဆိုများကို သေချာစွာ လေ့လာကြည့်ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အစ္စရေးအရပ်သားများ အခြေချအိမ်ရာများ တည်ဆောက်နေခြင်းအပေါ် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု မယူဆကြောင်း မိုက်ပွန်ပီယိုက နိုဝင်ဘာလ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
အရပ်သားများနေထိုင်ရန် အိမ်ရာများတည်ဆောက်နေခြင်းကို နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု ရှုမြင်နေခြင်းသည် အကူအညီမဖြစ်စေသကဲ့သို့ ငြိမ်းချမ်းရေးကိုလည်း အကျိုးမရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုထားသည်။
အမေရိကန်၏ ဆုံးဖြတ်ချက်သည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ပါလက်စတိုင်းဘက်က ဦးဆောင်ညှိနှိုင်းသူ ဆာအက်အီရီကတ်က ပြောကြားခဲ့သည်။
ဂျူးအခြေချအိမ်ရာများ ဝင်ရောက်တည်ဆောက်နေခြင်းကိစ္စသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ညှိနှိုင်းမရသည့် တင်းမာမှုဖြစ်လျက်ရှိသည်။
လက်ရှိထရမ့်အစိုးရသည် အစ္စရေးအစိုးရ၏ လုပ်ရပ်များကို ထောက်ခံပေးလျက်ရှိပြီး ဂျူးအမျိုးသားရေးဝါဒီများက ထရမ့်အစိုးရကို နှစ်သက်ထောက်ခံလျက်ရှိသည်။