- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
- ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတပ်ပေါင်းစု ဖွဲ့နိုင်အောင် ပါကစ္စတန်ထောက်လှမ်းရေးက ဘယ်လိုကူညီနေသလဲ အပိုင်း (၂)
ဂျပန်မှာ သက်ကြီးဦးရေ များပြားလာပြီး ကလေးမွေးဖွားမှုနှှုန်း ကျဆင်း
ဂျပန်နိုင်ငံတွင် ယခုနှစ်အတွင်း မွေးဖွားသည့် ကလေးဦးရေသည် ယခင်နှစ်ကထက် စံချိန်တင် ကျဆင်းသွားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
01 Dec 2022

၂ဝ၂ဝခုနှစ် သြဂုတ်လ ၁၈ ရက် အင်္ဂါနေ့က ယိုကိုဟားမားရှိ ပန်းခြံတစ်ခုတွင် ကလေးငယ်များ ရေဆော့ကစားနေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AP
DMG | ဒီဇင်ဘာ ၁
ဂျပန်နိုင်ငံတွင် ယခုနှစ်အတွင်း မွေးဖွားသည့် ကလေးဦးရေသည် ယခင်နှစ်ကထက် စံချိန်တင် ကျဆင်းသွားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံသားကလေးငယ် အရေအတွက်စုစုပေါင်း ၅၉၉,၆၃၆ မွေးဖွားခဲ့သည်။ ဤပမာဏသည် ယမန်နှစ်ကိန်းဂဏန်းထက် ၄.၉% နည်းပါးလျက်ရှိပြီး ၂ဝ၂၂ ခုနှစ်တစ်နှစ်လုံး၏ မွေးဖွားမှုအရေအတွက်သည် ယမန်နှစ်ကလေးငယ်အရေအတွက် ၈၁၁,ဝဝဝ ထက် စံချိန်တင်ကျဆင်းသွားနိုင်သည်ဟု အတွင်းဝန်ချုပ်ကပြောသည်။
ဂျပန်နိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးရှိသည့် နိုင်ငံ ဖြစ်သော်လည်း လူနေမှုစရိတ်များ မြင့်မားနေပြီး လစာတိုးနှုန်းမှာလည်း နှေးကွေးလျက်ရှိသည်။ ကွန်ဆာဗေးတစ်အစိုးရသည် ကလေးများ၊ အမျိုးသမီးများနှင့် လူနည်းစုများအားလုံး လူ့အဖွဲ့အစည်းတွင် ပိုမိုပါဝင်လာစေရေး လုပ်ဆောင်မှုများတွင် နောက်ကျကျန်လျက်ရှိသည်။
ကက်ဘိနက်အတွင်းဝန်ချုပ် ဟိရိုကဇုမာချုနိုက လက်ထပ်ထိမ်းမြားခြင်းနှင့် မွေးဖွားခြင်းကို ပိုမိုအားပေးရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။
“မနှစ်ကထက်တောင် အရှိန်က ပိုနှေးနေတယ်… အဲဒါက စိုးရိမ်ရတဲ့ အခြေအနေတစ်ခုလို့ ကျွန်တော် နားလည်ပါတယ်” ဟု အတွင်းဝန်ချုပ်ပြောသည်။
ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားမှုနှင့် ကလေးပြုစုစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးဆောင်နေသော်လည်း နိုင်ငံသားများအား ကလေးပိုမိုမွေးဖွားစေရန် အတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများသည် ယခုအချိန်အထိ အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိနေသည်။
ငယ်ရွယ်သော ဂျပန်လူမျိုးအများစုသည် အားရဖွယ်မရှိသော အလုပ်အကိုင်အလားအလာများ၊ ဝေးလံခက်ခဲသည့် အိမ်နှင့်အလုပ် သွားလာရခက်ခဲမှုများ၊ မိဘနှစ်ပါးလုံး အလုပ်လုပ်ကိုင်ခြင်းနှင့် လိုက်လျောညီထွေ မရှိသည့် လူမျိုးရေးဆိုင်ရာ ယဉ်ကျေးမှုများကြောင့် အိမ်ထောင်ပြုခြင်းနှင့် မိသားစုတည်ထောင်ခြင်းတို့ကို တွန့်ဆုတ်လျက်ရှိကြသည်။
မွေးဖွားမှု အရေအတွက်သည် ၁၉၇၃ ခုနှစ်တွင် အမြင့်ဆုံးရောက်ခဲ့ပြီး ၂.၁ သန်းခန့်အထိ ရှိခဲ့သည်။ ထိုနောက်ပိုင်းမှစတင်ကာ ကျဆင်းလျက်ရှိပြီး ၂ဝ၄ဝ ခုနှစ်အရောက်တွင် ၇၄ဝ,ဝဝဝ အထိကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။
၁၂၅ သန်းကျော်ရှိသည့် ဂျပန်နိုင်ငံ၏လူဦးရေသည် ၁၄ နှစ်ဆက်တိုက်ကျဆင်းလာခဲ့ပြီး ၂ဝ၆ဝ ခုနှစ်တွင် ၈၆.၇ သန်းအထိ ကျဆင်းမည်ဟုခန့်မှန်းထားသည်။ လူဦးရေ နည်းပါးလာပြီး သက်ကြီးရွယ်အို များပြားလာခြင်းသည် တရုတ်နိုင်ငံ၏ တစ်ကိုယ်ကောင်းဆန်သည့် နယ်မြေစိုးမိုးရေး ရည်မှန်းချက်များကို တန်ပြန်ရန်အတွက် နိုင်ငံအနေဖြင့် ၎င်း၏ စစ်တပ်ကို ခိုင်ခံ့စေရန်အတွက်ဆောင်ရွက်ရာ၌ စီးပွားရေးနှင့် အမျိုးသား လုံခြုံရေးတို့တွင် ကြီးမားသော သက်ရောက်မှုများ ရှိနေသည်။