- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဂျပန်နှင့် သြစတြေးလျတို့ ယခုသီတင်းပတ်တွင် တွေ့ဆုံပြီး လုံခြုံရေးသဘောတူညီမှုတစ်ရပ် ညှိနှိုင်းမည်
ဂျပန်နှင့် သြစတြေးလျ နှစ်နိုင်ငံဝန်ကြီးချုပ်တို့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး အဆိုပါတွေ့ဆုံမှုတွင် တရုတ်၏ ရေပြင်ပိုင်နက် လွှမ်းမိုးနိုင်ရေး ချဲ့ထွင်လုပ်ဆောင်လာမှုများနှင့် ပတ်သက်ပြီး လုံခြုံရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေး ဆွေးနွေးမည်ဟု Nikkei သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 Oct 2022

သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအဲလ်ဘန်နစ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကိရှိဒတို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တိုကျိုမြို့ရှိ အာကာဆာကာနန်းတော် ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၁၈
ဂျပန်နှင့် သြစတြေးလျ နှစ်နိုင်ငံဝန်ကြီးချုပ်တို့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး အဆိုပါတွေ့ဆုံမှုတွင် တရုတ်၏ ရေပြင်ပိုင်နက် လွှမ်းမိုးနိုင်ရေး ချဲ့ထွင်လုပ်ဆောင်လာမှုများနှင့် ပတ်သက်ပြီး လုံခြုံရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေး ဆွေးနွေးမည်ဟု Nikkei သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျပန်နှင့် သြစတြေးလျ နှစ်နိုင်ငံလုံးသည် အမေရိကန်၏ မဟာမိတ်များဖြစ်ကာ တရုတ်၏ စစ်အင်အားကြီးထွားလာမှုကို တန်ပြန်နိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ချက်များ အရှိန်မြှင့်လျက်ရှိသည်။
အင်ဒိုပစိဖိတ်ကို လွတ်လပ်ပွင့်လင်းသည့် ဒေသဖြစ်ရေးအတွက် ကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို ကြေညာဖွယ်ရှိသည်ဟု Nikkei သတင်းတွင် ဖော်ပြသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက် ၂၀၀၇ ခုနှစ်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မြောက်ကိုရီးယား နျူကလီးယားအရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ကြေညာခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကိရှိဒနှင့် သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအဲလ်ဘန်နစ်တို့သည် ပြီးခဲ့သောမေလက နှစ်နိုင်ငံ လုံခြုံရေး အစီအစဉ်သစ်တစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
လာမည့်စနေနေ့ တွေ့ဆုံမှုအတွင်း နှစ်ဘက်ဝန်ကြီးချုပ်တို့သည် စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ အရေးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အတည်ပြုရန်လည်း စီစဉ်ထားသည်ဟု Nikkei သတင်းက ဖော်ပြသည်။
သြစတြေးလျသည် ဂျပန်အတွက် သဘာဝဓာတ်ငွေ့အရည် အများဆုံးတင်ပို့နေသည့် နိုင်ငံဖြစ်သည်။