နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့် ဒုံးကျည်များ မြောက်ကိုရီးယား ပစ်ခတ်လေ့ကျင့်

စမ်းသပ်ပစ်ခတ်မှုကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “ဗျူဟာမြောက် နျူကလီးယားစစ်ဆင်ရေး”အတွက် ကိုရီးယားပြည်သူ့တပ်မတော်သို့ ချထားပေးသည့် ခရုဇ်ဒုံးကျည်များ၏ “တိုက်ခိုက်ရေးစွမ်းရည်နှင့် စွမ်းအားကို မြှင့်တင်ရန်” ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA)က ပြောကြားခဲ့သည်။

By Admin 14 Oct 2022

နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့် ဒုံးကျည်များ မြောက်ကိုရီးယား ပစ်ခတ်လေ့ကျင့်

ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၁၄

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တာဝေးပစ် ဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဤစမ်းသပ်မှုသည် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များသို့ ဖြန့်ကျက်ထားသော နျူကလီးယားစွမ်းရည်ရှိ လက်နက်များ၏ ယုံကြည်စိတ်ချရမှုနှင့် လုပ်ဆောင်ချက်ကို အတည်ပြုရန် စမ်းသပ်မှုတစ်ခုဟုလည်း KCNA ကခေါ်ဆိုခဲ့သည်။

အဆိုပါ စမ်းသပ်ပစ်ခတ်မှုကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “ဗျူဟာမြောက် နျူကလီးယားစစ်ဆင်ရေး”အတွက် ကိုရီးယားပြည်သူ့တပ်မတော်သို့ ချထားပေးသည့် ခရုဇ်ဒုံးကျည်များ၏ “တိုက်ခိုက်ရေးစွမ်းရည်နှင့် စွမ်းအားကို မြှင့်တင်ရန်” ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA)က ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုးရီးယား၏ ရန်သူများအတွက် နောက်ထပ်ရှင်းလင်းသော သတိပေးချက်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအန်က “နိုင်ငံသည် အရေးကြီးသော စစ်ရေးအကျပ်အတည်းနှင့် စစ်ပွဲအကျပ်အတည်းကို အချိန်မရွေး ပြတ်ပြတ်သားသား ဟန့်တားရန်အတွက် နျူကလီးယား ဗျူဟာမြောက် လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဆင်ရေးနယ်ပယ်ကို ဆက်လက်ချဲ့ထွင်သင့်ကြောင်း”ပြောကြားခဲ့သည်ဟု KCNA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လေယာဉ်တင်သင်္ဘောတစ်စင်းပါဝင်သော တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့များ၏ မကြာသေးမီက ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို ကန့်ကွက်သည့်အနေဖြင့် ကင်ဂျုံအန်က လွန်ခဲ့သည့် နှစ်ပတ်ကျော်က တောင်ကိုရီးယားကို ပစ်မှတ်ထားသည့် နျူကလီးယားနည်းဗျူဟာ လေ့ကျင့်မှုများကို လမ်းညွှန်ခဲ့ကြောင်းလည်း KCNA က ပြီးခဲ့သောတနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့က စမ်းသပ်ပစ်ခတ်ခဲ့သော ဒုံးကျည်နှစ်စင်းသည် ၁ဝ၂၃၄ စက္ကန့်ကြာ ပျံသန်းခဲ့ပြီး ကီလိုမီတာ ၂ဝဝဝ အကွာမှ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း ထိမှန်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တစ်စင်းကို ၂ဝ၂၁ ခုနှစ် စက်တင်ဘာလတွင် ပထမဆုံးစမ်းသပ်ခဲ့ပြီး နိုင်ငံ၏ပထမဆုံးသော နျူကလီးယားစွမ်းရည်ရှိလက်နက် ဖြစ်နိုင်သည်ဟု သုံးသပ်သူများက ထိုအချိန်က ရှုမြင်ခဲ့ကြသည်။

ဗီဒီယိုများ