- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကိုဗစ်ကုသဆေး တစ်ကမ္ဘာလုံးအတွက် ထုတ်လုပ်ပေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် ပြောကြား
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက မိမိတို့နိုင်ငံမှ ကိုဗစ်ကုသဆေးအား တစ်ကမ္ဘာလုံးအသုံးပြုနိုင်အောင် ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂတွင် ကတိပေးပြောကြားလိုက်သည်။
29 Sep 2020

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက မိမိတို့နိုင်ငံမှ ကိုဗစ်ကုသဆေးအား တစ်ကမ္ဘာလုံးအသုံးပြုနိုင်အောင် ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂတွင် ကတိပေးပြောကြားလိုက်သည်။
ကမ္ဘာ့အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေးနိုင်ငံ အနေဖြင့် ကမ္ဘာကြီးကို ထပ်လောင်းအာမခံ ပြောကြားလိုကြောင်း ဝန်ကြီးချုပ် မိုဒီက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။
“ကပ်ဘေးကြီးကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့ လူသားထုတစ်ရပ်လုံးအတွက် အိန္ဒိယရဲ့ ဆေးဝါးထုတ်လုပ်နိုင်စွမ်းနဲ့ ဖြန့်ချိနိုင်စွမ်းကို အသုံးပြုကူညီသွားမှာ ဖြစ်ပါတယ်။” ဟု မိုဒီကဆိုသည်။
အိန္ဒိယသည် လက်ရှိအချိန်၌ ကိုဗစ်အန္တရာယ်ကို အပြင်းထန်ဆုံး ရင်ဆိုင်နေရသော နိုင်ငံများထဲတွင် ပါဝင်ပြီး ကူးစက်မှုစုစုပေါင်း ၆ သန်းနီးပါးနှင့် သေဆုံးသူ ၉၃၀၀၀ ခန့်ရှိသည်။ ကိုဗစ်ကြောင့် သေဆုံးမှု ကမ္ဘာ့ တတိယအများဆုံးနိုင်ငံဖြစ်သည်။
ပညာရှင်များက အတည်ပြုပြီးသည်နှင့် ကိုဗစ်-၁၉ ကုသဆေး အများအပြားထုတ်လုပ် ဖြန့်ချိရန် အသင့်ရှိကြောင့် ပြီးခဲ့သော သြဂုတ်လတွင် မိုဒီက ပြောကြားခဲ့သည်။ ယခုအချိန်၌ အိန္ဒိယသည် ကုသဆေးစမ်းသပ်မှု၏ နောက်ဆုံးအဆင့် ၃ သို့ ရောက်ရှိနေပြီဟု မိုဒီကဆိုသည်။
သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်ကလည်း သောကြာနေ့ကျင်းပသည့် အထွေထွေညီလာခံ၌ ကုသဆေးထုတ်လုပ်နိုင်သူ မည်သူမဆို အများနှင့် မျှဝေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ရေတိုမှာ အမြတ်အစွန်းရနိုင်တယ်လို့ စဉ်းစားသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုလူစားတွေကို လူသားထုကြီးက အဆုံးအဖြတ်ပေးသွားမှာပါ” ဟု သူကဆိုသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ကိုဗစ်ကုသဆေး အဆင်သင့်ဖြစ်ပါက ဆင်းရဲချို့တဲ့သူများနှင့် အာားနည်းသောလူ့အဖွဲ့အစည်း များကို ဦးစားပေး ကုသပေးသင့်ကြောင်း သောကြာနေ့က ကုလသမဂ္ဂသို့ ပြောကြားခဲ့သည်။