- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ရဲတပ်ဖွဲ့၏ အကြမ်းဖက်အဓိကရုဏ်းဖြိုခွင်းမှုကြောင့် သေဆုံးသွားသူများအတွက် ကိုလံဘီယာအစိုးရ တောင်းပန်
ကိုလံဘီယာကာကွယ်ရေးဝန်ကြီးသည် မြို့တော်ဘိုဂိုတာနှင့် အခြားမြို့များတွင် နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို ရဲတပ်ဖွဲ့ကနှိမ်နင်းရာတွင် လူသေဆုံးမှုများရှိခဲ့သောကြောင့် သောကြာနေ့က လူသိရှင်ကြားတောင်းပန်ခဲ့သည်။ အဆိုပါ ဆူပူအုံကြွမှုများမှာ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှထိန်းသိမ်းခံရစဉ် နှိပ်စက်မှုကြောင့် သေဆုံးသွားမှုကို မကျေနပ်ရာမှ...
13 Sep 2020

ကိုလံဘီယာကာကွယ်ရေးဝန်ကြီးသည် မြို့တော်ဘိုဂိုတာနှင့် အခြားမြို့များတွင် နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို ရဲတပ်ဖွဲ့ကနှိမ်နင်းရာတွင် လူသေဆုံးမှုများရှိခဲ့သောကြောင့် သောကြာနေ့က လူသိရှင်ကြားတောင်းပန်ခဲ့သည်။ အဆိုပါ ဆူပူအုံကြွမှုများမှာ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှထိန်းသိမ်းခံရစဉ် နှိပ်စက်မှုကြောင့် သေဆုံးသွားမှုကို မကျေနပ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဂျေဗီယာအော်ဒွန်နက်ဇ်ဆိုသည့် အမျိုးသားကို ရဲတပ်ဖွဲ့က လမ်းပေါ်တွင်ဖမ်းဆီးပြီး ကျဉ်စက်ဖြင့် ထပ်တလဲလဲရှော့နေသည့် ဗီဒီယိုတစ်ခုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူထုများ အကြား ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ အဓိကရုဏ်းအား ရဲတပ်ဖွဲ့ကဖြိုခွဲရာ လူ ၁၃ ဦးထက် မနည်းသေဆုံးခဲ့ပြီး ၄၀၀ ကျော်ဒဏ်ရာရခဲ့ရသည်။ နောက်ပိုင်းတွင် ယင်းအမျိုးသားမှာ ဖမ်းဆီးခံရစဉ် သေဆုံးသွားခဲ့သည်။
ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ကားလို့စ်ဟုမ်းစ်ထရူဂျီလိုက သတင်းစာရှင်းလင်းပွဲတွင် အော်ဒွန်နက်ဇ်သေဆုံးမှုကြောင့် သူ့အနေဖြင့် “ဝမ်းနည်းခံစား”ရကြောင်း ပြောကြားခဲ့သည်။ ရှေ့နေလုပ်ရန် ဥပဒေပညာရပ်အား လေ့လာနေသည့်အော်ဒွန်နက်ဇ်မှာ အသက်လေးဆယ် ကျော်အရွယ် အင်ဂျင်နီယာတစ်ဦးပြီး ကလေးနှစ်ယောက်၏ဖခင်လည်းဖြစ်သည်။
“ရဲတပ်ဖွဲ့ဝင်များက ဥပဒေကိုချိုးဖောက်တာ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုခဲ့တဲ့ အပြစ်တွေအတွက် အမျိုးသားရဲတပ်ဖွဲ့အနေနဲ့ တောင်းပန်ပါတယ်” ဟု ထရူဂျီလိုက ရဲတပ်ဖွဲ့အတွက် တာဝန်ခံသည့်အနေဖြင့် တောင်းပန်ခဲ့သည်။
အော်ဒွန်နက်ဇ်သည် အစောပိုင်းမှာ ကျဉ်စက်နဲ့ အကြိမ်ကြိမ်ရှော့တိုက်ခံခဲ့ရပြီးနောက်တွင် ရဲစခန်းမှာ လူမဆန်စွာရိုက်နှက်ခံရမှုကြောင့် အသက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူမိသားစု၏ ရှေ့နေက ပြောသည်။