- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကိုလံဘီယာမှာ မိုင်းတွင်းပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၄ ဦး ပိတ်မိနေ
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းတွင် မေလ ၃၀ နေ့က ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ပေါက်ကွဲခဲ့ပြီး အလုပ်သမား ၁၄ ဦးမှာ မြေအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Jun 2022

DMG ၊ ဇွန် ၂
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းတွင် မေလ ၃၀ နေ့က ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ပေါက်ကွဲခဲ့ပြီး အလုပ်သမား ၁၄ ဦးမှာ မြေအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပေါက်ကွဲချိန်တွင် မြေပြင်၌ရှိနေသည့် မိုင်းတွင်းလုပ်သားတစ်ဦးမှာ ပေါက်ကွဲမှုကြောင့် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ဇူလီယာ မြို့တော်ဝန် မာနျူအယ်ပရာဒီလာက အင်္ဂါနေ့က ပြောကြားသည်။
ပေါက်ကွဲရသည့် အကြောင်းအရင်းကို မသိရသေးပေ။
မြေအောက်တွင်ပိတ်မိနေသည့် အလုပ်သမားများ၏ မိသားစုဝင်များသည် မိုင်းတွင်းအနီးတစ်ဝိုက်တွင် စောင့်ဆိုင်းနေကြပြီး ကယ်ဆယ်ရေးဝန်ထမ်းများသည်လည်း အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။
ကျောက်မီးသွေးမိုင်းနှင့် ရေနံစိမ်းလုပ်ငန်းများသည် ကိုလံဘီယာ၏ အဓိက ပြည်ပပို့ကုန်များဖြစ်သည်။
လက်တင်အမေရိကတွင် စတုတ္ထမြောက် စီးပွားရေးအကြီးဆုံးနိုင်ငံ ကိုလံဘီယာ၌ ၂၀၂၁ ခုနှစ်တွင် မိုင်းတွင်းမတော်တဆမှုများကြောင့် သေဆုံးသူစုစုပေါင်း ၁၄၈ ဦးရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။