အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ပြန်လည်သုံးသပ်ရန် မလေးရှားတိုက်တွန်း

အာဆီယံနိုင်ငံများအနေဖြင့် ယခုအချိန်အထိအထမမြောက်နိုင်သေးသည့် မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကိုဆက်လက်ကိုင်စွဲဦးမည်လားသို့မဟုတ် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို နိုဝင်ဘာလ၌အာဆီယံခေါင်းဆောင်များ မတွေ့ဆုံမီဆုံးဖြတ်ရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

20 Sep 2022

မလေးရှားနိုင်ငံခြားရေးဝန်ကြီးစိုင်ဖူဒင်အဗ္ဗဒူလာ။ (ဓာတ်ပုံ - ရိုက်တာ)

DMG | စက်တင်ဘာ ၂၀

အာဆီယံနိုင်ငံများအနေဖြင့် ယခုအချိန်အထိအထမမြောက်နိုင်သေးသည့် မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကိုဆက်လက်ကိုင်စွဲဦးမည်လားသို့မဟုတ် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို နိုဝင်ဘာလ၌အာဆီယံခေါင်းဆောင်များ မတွေ့ဆုံမီဆုံးဖြတ်ရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

“အခုအချိန်ကနေ နိုဝင်ဘာလအာဆီယံထိပ်သီးအစည်းအဝေးအထိ ကြားကာလမှာအာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ဟာဆီလျော်သေးရဲ့လား၊ ပိုကောင်းတာတစ်ခုခုနဲ့ အစားထိုးသင့်ပြီလားဆိုတာကိုအလေးအနက် သုံးသပ်ရပါတော့မယ်” ဟုအဗ္ဗဒူလာကပြောကြားသည်။

“နိုဝင်ဘာမှာ ကျွန်တော်တို့တွေ့ကြတဲ့အချိန်မှာဒီခက်ခဲတဲ့မေးခွန်းကိုမေးမြန်းကြရမှာပါ။ အဲဒီအချိန်မှာအဖြေလည်းရှိနေရမှာပါ” ဟုသူကပြောသည်။

အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ နှစ်ပတ်လည် ကမ္ဘာ့ခေါင်းဆောင်များတွေ့ဆုံမှုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၁၅ နိုင်ငံသည် မြန်မာပြည်သူလူထုအပေါ် အလေးထားပေးဖို့ မျှော်လင့်သည်ဟုလည်းစိုင်ဖူဒင်ကသတင်းထောက်များအားပြောကြားသည်။

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံအဖွဲ့သည် မြန်မာ့အရေးကိုအကူအညီပေးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဧပြီလ၌ ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ပြီးအကောင်အထည်ဖော်ရန် သဘောတူဆုံးဖြတ်ခဲ့သည်။ အဆိုပါ အချက်များအနက်

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် တစ်ဦးခန့်အပ်ရန်ဟူသည့် အချက်ကိုသာအကောင်အထည်ဖော်နိုင်ခဲ့ပြီးအခြားအချက်များမှာတစ်နှစ်ခွဲခန့် ကြာလာသည်အထိမယ်မယ်ရရမဆောင်ရွက်နိုင်သေးပေ။

ဗီဒီယိုများ