ထိုင်ဝမ်တွင် မဖြစ်မနေစစ်မှုထမ်း သက်တမ်းကို တစ်နှစ်အထိတိုးမြှင့်ရန် စီစဉ်

တရုတ်၏ စစ်ရေးဖိအားများ ပိုမိုရင်ဆိုင်လာနေရသော ထိုင်ဝမ်တွင် မဖြစ်မနေ စစ်မှုထမ်းသက်တမ်းကို လက်ရှိ လေးလသတ်မှတ်ထားရာမှ တစ်နှစ်အထိ တိုးမြှင့်သတ်မှတ်ရန် စီစဉ်နေကြောင်း အစိုးရအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 27 Dec 2022

ထိုင်ဝမ်တွင် မဖြစ်မနေစစ်မှုထမ်း သက်တမ်းကို တစ်နှစ်အထိတိုးမြှင့်ရန် စီစဉ်

ဓာတ်ပုံ - Taiwn News

DMG | ဒီဇင်ဘာ ၂၇

တရုတ်၏ စစ်ရေးဖိအားများ ပိုမိုရင်ဆိုင်လာနေရသော ထိုင်ဝမ်တွင် မဖြစ်မနေ စစ်မှုထမ်းသက်တမ်းကို လက်ရှိ လေးလသတ်မှတ်ထားရာမှ တစ်နှစ်အထိ တိုးမြှင့်သတ်မှတ်ရန် စီစဉ်နေကြောင်း အစိုးရအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသစ်ပြောင်းလဲရန် စီစဉ်နေသည့် စည်းကမ်းသတ်မှတ်ချက်များ၌ စစ်မှုထမ်းများအတွက် စစ်သင်တန်းများကို အရှိန်တိုးမြှင့်ရန်လည်း ပါဝင်မည်ဖြစ်သည်။ ၎င်းစစ်သင်တန်းများ၌ အမေရိကန်တပ်ဖွဲ့များတွင် လေ့ကျင့်နေကြသည့် အပစ်အခတ် စွမ်းရည်မြှင့်တင်မှုများလည်း ပါဝင်မည်ဖြစ်သည်။

အသစ်စီစဉ်နေသည့် စည်းကမ်းများသည် ၂၀၂၄ ခုနှစ်တွင် အသက်ဝင်မည်ဟု အဆိုပါအရာရှိက ရိုက်တာသို့ ဖြေကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသားလုံခြုံရေး ကောင်စီမှ အကြီးတန်းအရာရှိများ ပါဝင်သည့် သမ္မတစိုင်အင်ဝမ်၏ လုံခြုံရေးအဖွဲ့သည် ထိုင်ဝမ်ကျွန်း၏ ကာကွယ်ရေးစနစ်ကို ၂၀၂၀ ခုနှစ်တည်းက သုံးသပ်နေခဲ့ခြင်း ဖြစ်ကြောင်း အမည်အဖော်လိုသည့် အဆိုပါ အစိုးရအရာရှိက ရိုက်တာသို့ ဖြေကြားသည်။

“တရုတ်ရဲ့ တစ်ဘက်သတ်အပြုအမူ အမျိုးမျိုးက ဒေသတွင်းလုံခြုံရေးအတွက် အဓိကကျတဲ့ စိုးရိမ်မှုတစ်ရပ် ဖြစ်လာနေပါပြီ” ဟု သူကဆိုသည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားကာ အဆိုပါကျွန်း၏ လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်းသို့လည်း တရုတ်စစ်လေယာဉ်များ မကြာခဏ ကျူးကျော်ဝင်ရောက်လေ့ရှိသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း အဆိုပါဇုန်အတွင်းသို့ တရုတ်လေယာဉ် ၄၃ စင်းအထိ ကျူးကျော်ဝင်ရောက်ခဲ့သည်။

ယခုနှစ်သြဂုတ်လကလည်း အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလော့စီ ထိုင်ဝမ်သို့ အလည်အပတ် လာရောက်စဉ် တရုတ်သည် ကျွန်းဆွယ်အနီး၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ဗီဒီယိုများ