အာဏာသိမ်းမှု ၂ နှစ်နီးပါးအကြာ ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ပထမဆုံးအကြိမ် သဘောတူညီမှုရ

မြန်မာ့အရေးနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံက တင်သွင်းသည့် အဆိုပြုချက်မူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအားလုံးကို ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် မူကြမ်း၌ တောင်းဆိုထားသည်။

By Admin 22 Dec 2022

အာဏာသိမ်းမှု ၂ နှစ်နီးပါးအကြာ ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ပထမဆုံးအကြိမ် သဘောတူညီမှုရ

DMG | ဒီဇင်ဘာ ၂၂

မြန်မာ့အရေးနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံက တင်သွင်းသည့် အဆိုပြုချက်မူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအားလုံးကို ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် မူကြမ်း၌ တောင်းဆိုထားသည်။

ဒီမိုကရစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဤမူကြမ်းအား ဗြိတိန်က စက်တင်ဘာလတွင် စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရိုက်တာသတင်းဌာနက တွေ့ရှိခဲ့သည့် ကနဦးမူကြမ်းတွင် မြန်မာကို လက်နက်ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းရန် တိုက်တွန်းထားပြီး ကုလသမဂ္ဂက ဒဏ်ခတ်မှုများ ပြုလုပ်မည်ဟု ပြောကြားချက်များ ပါဝင်သော်လည်း နောက်ပိုင်းတွင် အဆိုပါစာသားများကို ဖယ်ရှားထားသည်ကို တွေ့ရသည်။

ယခု အတည်ပြုထားသော မူကြမ်း၌ မြန်မာစစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အရေးပေါ် အခြေအနေများ၊ အဆိုပါအနေအထား၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများအပေါ် ကုလသမဂ္ဂက ‘အထူးစိုးရိမ်’ ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အာဆီယံနှင့် သဘောတူခဲ့သည့် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေးအတွက် ခိုင်မာသည့် လက်တွေ့လုပ်ဆောင်ချများ ဆောင်ရွက်ရန် မူကြမ်း၌ တိုက်တွန်းထားသည်။

မူကြမ်းကို မဲခွဲရာ၌ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က မဲမပေးခဲ့ကြပေ။

မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလလုံခြုံရေးကောင်စီတွင် သဘောထားကွဲလွဲမှုများ ရှိနေပြီး မြန်မာအပေါ် ပြင်းထန်စွာ အရေးယူရန် ကြိုးပမ်းမှုများကို တရုတ်နှင့်ရုရှားတို့က အမြဲတမ်း ကန့်ကွက်ခဲ့ကြသည်။

“ဒီကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တဲ့နည်းလမ်း မရှိပါဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျန်းရွှန်က ကောင်စီတွင်ပြောကြားသည်။

“ပြေလည်အောင် ဖြေရှင်းနိုင်မှာလား ဆိုတာက မြန်မာအပေါ်မှာပဲ အခြေခံကျကျ မူတည်နေတာ ဖြစ်ပါတယ်” ဟု သူကဆိုသည်။

ဗီဒီယိုများ