- မလေးရှားတွင် သုံးလအတွင်း ရခိုင်ဒေသခံ ၃,၀၀၀ ခန့် ဖမ်းဆီးခံရ
- ဂွတွင် ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ၍ ဒေသခံများ အခက်ကြုံ
- ဒုက္ခသည် ဝင်ရောက်မှု တားဆီးရေး ဘင်္ဂလားဒေ့ရှ်က နယ်စပ်လုံခြုံရေး တင်းကျပ်
- သံတွဲကျပြီးနောက် ဂွတိုက်ပွဲ ပိုမိုပြင်းထန်လာ
- စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပို့မည်ဟု ညီနောင်သုံးဖွဲ့ပြော
မြောက်ကိုရီးယားက ရုရှားကို လက်နက်များရောင်းချခဲ့ကြောင်း အမေရိကန်ပြော
မြောက်ကိုရီးယားသည် ပြီးခဲ့သောလက ရုရှား၏သီးသန့်စစ်အုပ်စု ဝဂ္ဂနာအတွက် လက်နက်ကြီးကျည်များနှင့် ဒုံးကျည်များ ရောင်းချခဲ့ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
23 Dec 2022
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - Reuters
DMG | ဒီဇင်ဘာ ၂၃
မြောက်ကိုရီးယားသည် ပြီးခဲ့သောလက ရုရှား၏သီးသန့်စစ်အုပ်စု ဝဂ္ဂနာအတွက် လက်နက်ကြီးကျည်များနှင့် ဒုံးကျည်များ ရောင်းချခဲ့ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို ဖောက်ဖျက်မှုကြောင့် အမေရိကန်သည် ဝဂ္ဂနာအုပ်စုအား ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ ဂျွန်ကာဘီက ပြောကြားသည်။
“ဝဂ္ဂနာဟာ ယူကရိန်းမှာဆောင်ရွက်နေတဲ့ သူ့ရဲ့ စစ်ဆင်ရေးတွေကို ထောက်ပံ့ဖို့အတွက် လိုအပ်တဲ့ လက်နက်တွေကို ကမ္ဘာပတ်ပြီးရှာနေပါတယ်” ဟု ကာဘီက သတင်းထောက်များကို ပြောကြားသည်။
ဝဂ္ဂနာအုပ်စုသည် ယူကရိန်းစစ်ပွဲအတွက် လစဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျလျက်ရှိကြောင်းလည်း ကာဘီက ပြောသည်။
ဝဂ္ဂနာအုပ်စုကို ရုရှားသူဌေးကြီးတစ်ဦးဖြစ်သူ ပရီဂိုရှင် (Yevgeny Prigozhin) က ထိန်းချုပ်ထားသည်။
ပရီဂိုရှင်သည် ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကို နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်ဟု နာမည်ကြီးသည့် စိန့်ပီတာစဘက် အင်တာနက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်သူဖြစ်သည်။