- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
တရုတ်တွင် ကလေးများအပေါ် ဖိအားလျှော့ပေါ့ရန် မိဘများအား ညွှန်ကြားသည့် ဥပဒေသစ် ကြေညာ
ကလေးငယ်များအား အိမ်စာလုပ်ခိုင်းခြင်း နှင့် သီးသန့် စာသင်ကြားခြင်းဟူသော “နှစ်ခုတွဲဖိအားများ” ကို မိဘများနှင့် အုပ်ထိန်းသူများ လျှော့ချရန် သတ်မှတ်ပြဌာန်းထားသော မိသားစုပညာရေး ဥပဒေတစ်ရပ်ကို တရုတ်နိုင်ငံတွင် အတည်ပြုကြေညာလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Oct 2021

DMG ၊ အောက်တိုဘာ ၂၇
ကလေးငယ်များအား အိမ်စာလုပ်ခိုင်းခြင်း နှင့် သီးသန့် စာသင်ကြားခြင်းဟူသော “နှစ်ခုတွဲဖိအားများ” ကို မိဘများနှင့် အုပ်ထိန်းသူများ လျှော့ချရန် သတ်မှတ်ပြဌာန်းထားသော မိသားစုပညာရေး ဥပဒေတစ်ရပ်ကို တရုတ်နိုင်ငံတွင် အတည်ပြုကြေညာလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မိဘများသည် ၎င်းတို့၏ကလေးများ ဗီဒီယိုဂိမ်းများကို စွဲလမ်းလာခြင်းမှ တားဆီးရန် တာဝန်ရှိကြောင်းလည်း တရုတ်အစိုးရပိုင်ဟွာ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက စနေနေ့တွင် အတည်ပြုပြဌာန်းခဲ့သော အဆိုပါဥပဒေတွင် ပုဂ္ဂလိက သီးသန့်ကျူရှင် သင်ကြားခြင်းအား တားမြစ်ပိတ်ပင်ခြင်းနှင့် ကလေးများ အွန်လိုင်း ဗီဒီယိုဂိမ်းများ ကစားသည့်အချိန်ကို ကန့်သတ်ခြင်းစသည့် ဆောင်ရွက်စီမံချက် တသီတတန်း ပါရှိသည်။
၎င်းဥပဒေ အတည်ပြုပြဌာန်းလိုက်သော သတင်းကို တရုတ်လူမှုကွန်ရက် Weibo တွင် နာရီပိုင်းအတွင်း အရေအတွက် ၃၃ သန်းကျော် ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။
ယခုဥပဒေသည် အွန်လိုင်း အသုံးပြုသူများကို သဘောထားကွဲလွဲစေကာ တချို့က ကောင်းမွန်သော မိဘအုပ်ထိန်းမှုကို တွန်းအားပေးသည့် ကြိုးပမ်းချက်အရွေ့ကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး အခြားသူများကမူ ၎င်းဥပဒေ၏ ရည်ရွယ်ထားသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်နိုင်မှု ရှိမရှိကို သံသယဝင်ကာ မေးခွန်းထုတ်ခဲ့ကြသည်။
ဆိုရှယ်မီဒီယာ အသုံးပြုသူများကလည်း အဆိုပါဥပဒေသည် မိသားစုများ၏ ကိုယ်ပိုင်ဘဝထဲသို့ စွက်ဖက်ဝင်ရောက်လာမည်ကို စိုးရိမ်နေကြသလို ကလေးမွေးဖွားနှုန်းကျဆင်းမှုကို မြှင့်တင်ရန် ဘေကျင်းအစိုးရ ကြိုးပမ်းနေချိန်၌ ကလေးယူရန်ရွှေ့ဆိုင်းခြင်းကဲ့သို့ မလိုလားအပ်သော အကျိုးသက်ရောက်မှုများ ရှိလာနိုင်မည်ကို စိုးရိမ်လျက်ရှိသည်။