- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အမေရိကန်နှင့် တောင်ကိုရီးယားတို့ လာမည့်သီတင်းပတ်တွင် ထပ်တိုးစစ်ရေးလေ့ကျင့်မှုများ စတင်မည်
တောင်ကိုးရီးယားနှင့်အမေရိကန်တို့အား ဆန့်ကျင်၍ လက်နက်စမ်းသပ်မှုများနှင့် နျူကလီးယားပဋိပက္ခခြိမ်းခြောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် ရန်လိုသော မြောက်ကိုရီးယားကို ရင်ဆိုင်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုးရီးယားတို့သည် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့၏ အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နောက်အပတ်တွင် စတင်မည်ဟု တောင်ကိုးရီးယားအစိုးရက အင်္ဂါနေ့တွင် ပြောကြားသည်။
20 Aug 2022

DMG ၊ ဩဂုတ် ၂၀
တောင်ကိုးရီးယားနှင့်အမေရိကန်တို့အား ဆန့်ကျင်၍ လက်နက်စမ်းသပ်မှုများနှင့် နျူကလီးယားပဋိပက္ခခြိမ်းခြောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် ရန်လိုသော မြောက်ကိုရီးယားကို ရင်ဆိုင်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုးရီးယားတို့သည် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့၏ အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နောက်အပတ်တွင် စတင်မည်ဟု တောင်ကိုးရီးယားအစိုးရက အင်္ဂါနေ့တွင် ပြောကြားသည်။
အမေရိကန်နှင့်တောင်ကိုးရီးယား မဟာမိတ်အဖွဲ့၏ အူချီလွတ်လပ်ရေးဒိုင်းကာဟု အမည်ပေးထားသည့် နွေရာသီစစ်ရေးလေ့ကျင့်မှုများကို သြဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ တောင်ကိုးရီးယားတွင် လုပ်ဆောင်မည်ဖြစ်ပြီး လေယာဉ်၊ စစ်သင်္ဘောများ၊ တင့်ကားများနှင့် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းလေ့ကျင့်မှုများ ပါဝင်မည်ဖြစ်သည်။
မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြေပြစ်ရန်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်ရမှုများကြောင့် မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ ပုံမှန်လေ့ကျင့်မှုအချို့ကို ဖျက်သိမ်း၍ အခြားလေ့ကျင့်မှုများကို ကွန်ပျူတာသရုပ်ဖော်လေ့ကျင့်ခြင်းသို့ လျှော့ချပြီးနောက်ပိုင်း ယခုဆောင်ရွက်မည့် စစ်ရေးလေ့ကျင့်မှုများသည် အမေရိကန်နှင့်တောင်ကိုးရီးယားတို့၏ ကတိကဝတ်များကို အလေးပေးဖော်ပြထားခြင်းဖြစ်သည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်ရေတပ်တို့သည် ဟာဝိုင်အီကမ်းရိုးတန်းတွင် သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ဒုံးကျည်သတိပေးချက်နှင့် ပဲ့ထိန်းဒုံးကျည် ရှာဖွေခြေရာခံရေး လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်းနှင့် အဆိုပါလေ့ကျင့်မှုများသည် မြောက်ကိုရီးယား၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုကို ခုခံကာကွယ်မှုအဖြစ် ဖော်ပြနေချိန်တွင် ပူးတွဲလေ့ကျင့်မှုများအားလုံးက ထိုးစစ်လေ့ကျင့်မှုများအဖြစ်ဖော်ပြလျက်ရှိနေပြီး နျူကလီးယားလက်နက်နှင့် ဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်မှုများကို သက်သေပြရန်အတွက် ပြုလုပ်မည့် အူချီလွတ်လပ်ရေးဒိုင်းကာ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားထံမှ ဒေါသတကြီးတုံ့ပြန်မှုများ ရရှိရန် သေချာလျက်ရှိသည်။