- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ကမ္ဘာ့အကြီးဆုံး နျူကလီးယားအင်အား ပိုင်ဆိုင်ရေး မိမိတို့၏ အန္တိမပန်းတိုင်ဟု ကင်ဂျုံအန်းပြော
ကမ္ဘာ့အားအကောင်းဆုံး နျူကလီးယားအင်အား ပိုင်ဆိုင်ရေးသည် မိမိတို့နိုင်ငံ၏ အန္တိမပန်းတိုင်ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားကြောင်း အစိုးရပိုင် KCNA က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
28 Nov 2022

ဓာတ်ပုံ - KCNA
DMG | နိုဝင်ဘာ ၂၈
ကမ္ဘာ့အားအကောင်းဆုံး နျူကလီးယားအင်အား ပိုင်ဆိုင်ရေးသည် မိမိတို့နိုင်ငံ၏ အန္တိမပန်းတိုင် ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားကြောင်း အစိုးရပိုင် KCNA က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပြီးခဲ့သောရက်ပိုင်းက မြောက်ကိုရီးယား၏ အကြီးဆုံး ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သည့် အရာရှိ ဒါဇင်ပေါင်းများစွာအား ရာထူးတိုးမြှင့်ပေးမှုနှင့်အတူ ယခုကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
နျူကလီးယားလက်နက်တပ်ဖွဲ့ တည်ဆောက်ခြင်းသည် နိုင်ငံနှင့်လူထု၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရာတွင် အားကိုးယုံကြည်နိုင်ရေးအတွက် ဖြစ်သည်ဟု ကင်ဂျုံအန်းက ပြောကြားသည်။
Hwasong-17 သည် ကမ္ဘာ့ အားအကောင်းဆုံး မဟာဗျူဟာမြောက်လက်နက် ဖြစ်ကာ မြောက်ကိုရီးယား၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကမ္ဘာ့ အင်အားအကောင်းဆုံး စစ်တပ်ကို တည်ထောင်နိုင်လိုက်ပြီ ဆိုသည့် စွမ်းရည်ကို ပြသနေခြင်းဖြစ်သည်ဟုလည်း သူကပြောသည်။
ပြီးခဲ့သော နိုဝင်ဘာ ၁၈ ရက်နေ့က မြောက်ကိုရီးယားသည် Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် အသစ်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ အဆိုပါ စမ်းသပ်မှုကို ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး အမေရိကန်၏ နျူကလီးယားခြိမ်းခြောက်မှုများကို နျူကလီးယားလက်နက်ဖြင့် ပြန်လည်တုံ့ပြန်မည်ဟုလည်း ပြောကြားခဲ့သည်။
Hwasong-17 ၏ အကွာအဝေးသည် အမေရိကန် ပြည်ထောင်စုအတွင်းပိုင်းအထိ ရောက်ရှိနိုင်စွမ်း ရှိသည်။ အဆိုပါပစ်လွှတ်မှုအတွက် မြောက်ကိုရီးယားအနေဖြင့် တာဝန်ခံမှုရှိရေး အသိပေးချက် ထုတ်ပြန်ပေးရန် အမေရိကန်အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။