- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
နီပေါမှာ ရဟတ်ယာဉ်ပျက်ကျပြီး လိုက်ပါသွားသူ ၆ ဦးလုံး သေဆုံး
ယာဉ်မောင်းတစ်ဦးနှင့် မက္ကစီကန် ခရီးသည် ငါးဦးတို့ လိုက်ပါသွားသည့် အဆိုပါရဟတ်ယာဉ်သည် ဧဝရတ်တောင်အနီး လူကလာမြို့မှ မြို့တော် ခတ္တမန္ဒုသို့ ထွက်ခွာလာခြင်းဖြစ်သည်။
12 Jul 2023
နီပေါနိုင်ငံတွင် ဇူလိုင်လ ၁၁ ရက်နေ့က ခရီးသည်တင်ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လိုက်ပါသွားသူ ၆ ဦးလုံး သေဆုံးသွားသည်ဟု နီပေါအာဏာပိုင်များက ပြောကြားသည်။
ယာဉ်မောင်းတစ်ဦးနှင့် မက္ကစီကန် ခရီးသည် ငါးဦးတို့ လိုက်ပါသွားသည့် အဆိုပါရဟတ်ယာဉ်သည် ဧဝရတ်တောင်အနီး လူကလာမြို့မှ မြို့တော် ခတ္တမန္ဒုသို့ ထွက်ခွာလာခြင်းဖြစ်သည်။
ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄ မိနစ်တွင် ထွက်ခွာပြီး မကြာမီပင် ပျက်ကျသွားခြင်းဖြစ်သည်။
“ပျက်ကျရာနေရာမှာ ရုပ်အလောင်း ခြောက်လောင်း တွေ့ရပါတယ်” ဟု နီပေါ အရပ်ဘက်လေကြောင်းအာဏာပိုင်ရုံးမှ ဂျာနင်ဒရာဘာဟူက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ရန်အတွက် အဆိုပါနေရာသို့ ရဟတ်ယာဉ်နှစ်စင်းနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ စေလွှတ်ထားကြောင်း သူကပြောကြားသည်။
“ရာသီဥတု အဆင်မပြေတဲ့အတွက် ရဟတ်ယာဉ်တွေ မြေပြင်ကို ဆင်းသက်လို့မရပါဘူး။ ကယ်ဆယ်ရေးဝန်ထမ်းတွေ ခြေလျင် သွားနေရပါတယ်” ဟု ဘာဟူက ပြောကြားသည်။
နီပေါနိုင်ငံတွင် ပုဂ္ဂလိကပိုင် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသည် ဖွံ့ဖြိုးကြီးထွားလာနေပြီး သွားလာရခက်ခဲသည့် နိုင်ငံ၏ ဝေးလံခေါင်ဖျား ဒေသများသို့ ကမ္ဘာလှည့်ခရီးသည်များနှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိသည်။
သို့သော်လည်း နီပေါ၏ လေကြောင်းပျံသန်းရေးဆိုင်ရာ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးသည် အလွန်ညံ့ဖျင်းပြီး မတော်တဆမှုများ အမြဲတမ်းလိုလို ဖြစ်ပွားလေ့ရှိသည်။
တောင်ထူထပ်သည့် နေရာများ၌ လေယာဉ်ကွင်းများနှင့် ပြေးလမ်းများသည် အတက်အဆင်း အလွန်ခက်ခဲသလို ရာသီဥတု အပြောင်းအလဲလည်း အလွန်မြန်ဆန်သဖြင့် ကျွမ်းကျင် လေယာဉ်မောင်းသမားများ အတွက်ပင် မောင်းနှင်ရခက်ခဲသော ဒေသဖြစ်သည်။
နီပေါတွင် ပြီးခဲ့သည့် ဇန်နဝါရီလက နိုင်ငံအနောက်ပိုင်း၌ လေယာဉ်တစ်စင်းပျက်ကျပြီး လူပေါင်း ၇၂ ဦး သေဆုံးခဲ့သည်။ ၂၀၁၈ ခုနှစ်ကလည်း အမေရိကန်-ဘင်္ဂလာ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ခတ္တမန္ဒု အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် ပျက်ကျခဲ့ပြီး ၅၁ ဦးသေဆုံးကာ ၂၀ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။