- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဘိုးရင်း ၇၃၇ မက်စ် လေကြောင်းခရီးစဉ်များ တရုတ်ဆက်လက်တားမြစ်
တရုတ်လေကြောင်းဌာနသည် ဘိုးရင်း ၇၃၇ မက်စ် ပြဿနာဖြစ်ပြီးနောက်ပိုင်း ယင်းလေယာဉ်ကို ကုမ္ပဏီ၏အကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ လုံခြုံစိတ်ချမှုဆိုင်ရာ စိုးရိမ်ရမှုကြောင့် ပျံသန်းခွင့် ပြုဦးမည်မဟုတ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။ အမေရိကန်ကမူ ဘိုးရင်း ခရီးသည်တင် လေကြောင်းလိုင်းများ ပြေးဆွဲခွင့်တားမြစ်ထားခြင်းကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။
21 Nov 2020

တရုတ်လေကြောင်းဌာနသည် ဘိုးရင်း ၇၃၇ မက်စ် ပြဿနာဖြစ်ပြီးနောက်ပိုင်း ယင်းလေယာဉ်ကို ကုမ္ပဏီ၏အကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ လုံခြုံစိတ်ချမှုဆိုင်ရာ စိုးရိမ်ရမှုကြောင့် ပျံသန်းခွင့် ပြုဦးမည်မဟုတ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။ အမေရိကန်ကမူ ဘိုးရင်း ခရီးသည်တင် လေကြောင်းလိုင်းများ ပြေးဆွဲခွင့်တားမြစ်ထားခြင်းကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။
ဘိုးရင်း၏ အရောင်းရဆုံး အဆိုပါလေယာဉ်အမျိုးအစားသည် ခရီးသည် ၃၄၆ ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုနှစ်ခုဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သောနှစ် အစောပိုင်းကစပြီး တစ်ကမ္ဘာလုံးတွင် ပျံသန်းမှု ရပ်ဆိုင်းခဲ့ရသည်။
ဘိုးရင်းကုမ္ပဏီသည် ထိုအချိန်ကစပြီး လေကြောင်းဌာနများ၏ အလွန်ရှည်လျားလှသောစစ်ဆေး မှုများနှင့်ပျံသန်းခွင့်ရရှိရေးလုပ်ငန်းစဉ်များ ကမ္ဘာ့အနှံ့တွင် ရင်ဆိုင်ခဲ့ရသည်။
တရုတ်နိုင်ငံသည် အဆိုပါလေယာဉ်၏ ပျံသန်းမှုများ ရပ်ဆိုင်းလိုက်သည့် ပထမဆုံးနိုင်ငံဖြစ်သည်။
တရုတ်လေကြောင်းဌာနက ဘိုးရင်းသည် အင်ဒိုနီးရှားနှင့် အီသီယိုးပီးယားနိုင်ငံတို့တွင် ခရီးသည်များ သေဆုံးသည်အထိ မတော်တဆမှုဖြင့် လေယာဉ်ပျက်ကျခဲ့သည့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးမှု ရလဒ်များကို “သေချာရှင်းလင်းအောင် ဆောင်ရွက်ရမည်”ဖြစ်ကြောင်းနှင့် လေယာဉ်ဒီဇိုင်းပိုင်းဆိုင်ရာ တိုးတက်မှုများမှာလည်း “ထိရောက်မှု” ရှိရမည်ဖြစ်ပြီး “အရည်အသွေးပိုင်းဆိုင်ရာ စိတ်ချရကြောင်း အတည်ပြုချက်” လည်း ရရှိရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု လေကြောင်းဦးစီးဌာနက ဘိုးရင်း၏ ခရီးသည်ပို့ဆောင်ရေး လေကြောင်း ခရီးစဉ်ပြေးဆွဲမှုများအား ဗုဒ္ဓဟူးနေ့က ပျံသန်းခွင့်ပြုခဲ့သည်။
လေယာဉ်ပျက်ကျမှုများသည် ဘိုးရင်းမက်စ်တွင်ပါဝင်သည့် ပျံသန်းခြင်းဆိုင်ရာ အချက်ပြမှုနှင့် အညီ လေယာဉ်ဟန်ချက်ကို လှုပ်ရှားပြောင်းလဲနိုင်သည့် Anti-stall system တပ်ဆင်ထားသော MCAS စနစ်တွင် ချို့ယွင်းချက်ရှိနေမှုနှင့် ဆက်စပ်နေသည်ဟု ယူဆရကြောင်း မတော်တဆမှုများကို စစ်ဆေး တွေ့ရှိချက်များအရ သိရသည်။