နယူးဇီလန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုမိုပြင်းထန်သည့် ဥပဒေများ တင်သွင်း

နယူးဇီလန်လွှတ်တော်သည် တိုက်ခိုက်မှုပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ယူဆသူများအပေါ် ကန့်သတ်ချက်များ ပိုမိုပြုလုပ်နိုင်ရန်အတွက် နိုင်ငံ၏ အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေအား ပြုပြင်ပြောင်းလဲရန် အောက်တိုဘာလ ၁၉ ရက်တွင် အဆိုပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 20 Oct 2022

နယူးဇီလန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုမိုပြင်းထန်သည့် ဥပဒေများ တင်သွင်း

နယူးဇီလန် လွှတ်တော်အဆောက်အအုံကို ၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၂၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၀

နယူးဇီလန်လွှတ်တော်သည် တိုက်ခိုက်မှုပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ယူဆသူများအပေါ် ကန့်သတ်ချက်များ ပိုမိုပြုလုပ်နိုင်ရန်အတွက် နိုင်ငံ၏ အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေအား ပြုပြင်ပြောင်းလဲရန် အောက်တိုဘာလ ၁၉ ရက်တွင် အဆိုပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိန်းချုပ်ရေးအမိန့်အက်ဥပဒေနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအက်ဥပဒေတို့၏ ပြုပြင်ပြောင်းလဲမှုများသည် အစွန်းရောက်အမြင်ရှိသူတစ်ဦးက အော့ကလန် စူပါမားကတ်တစ်ခုတွင် လူအများအပြားကို ဓားဖြင့်တိုက်ခိုက်ပြီးနောက် အဆိုပြုခဲ့သော ၂ဝ၂၁ ခုနှစ် အကြမ်းဖက်မှု နှိမ်နင်းရေးဥပဒေပြဌာန်းချက်၏ နိဒါန်းအတိုင်းဖြစ်သည်။

“သွေးကြွနေတဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုပြုလုပ်ခြင်းတွေကနေ ဘယ်ဥပဒေကမှ မတားဆီးနိုင်ပေမယ့် ဒီပြောင်းလဲမှုတွေက သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တားဆီးတာ၊ နှောင့်ယှက်တာ၊ ကန့်သတ်တာတွေ လုပ်သွားမှာပါ”ဟု တရားရေးဝန်ကြီး ကီရီအယ်လင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြောင်းအလဲများတွင် ရပ်ရွာအတွင်း ၎င်းတို့အပေါ် ကန့်သတ်ချက်များထားရှိနိုင်သည့် စံနှုန်းများကို ချဲ့ထွင်ခြင်း၊ ထိန်းချုပ်မှုအောက်ရှိ တစ်စုံတစ်ဦးသည် ၎င်းတို့၏ အထောက်အထားကို ထိန်ချန်ထားခြင်းရှိ၊ မရှိ နှင့် “အကြမ်းဖက်သမား”ဟု အမျိုးအစားခွဲခြား သတ်မှတ်ထားသူများကို ဖယ်ရှားရန် ပိုမိုခက်ခဲစေသည့်အရာများနှင့် ပတ်သက်၍ လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်တို့ ပါဝင်သည်။

၂ဝ၂၁ ခုနှစ်က ကုန်တိုက်တွင် ဓားဖြင့်တိုက်ခိုက်ခံရသည့် ဖြစ်ရပ်အပြီး အလားတူ တိုက်ခိုက်မှုမျိုး မဖြစ်ပွားစေရန် အစိုးရက ဥပဒေများ မည်ကဲ့သို့ မြှင့်တင်ရမည်နှင့်ပတ်သက်သော ပြန်လည်သုံးသပ်မှုများကို ရှာဖွေခဲ့သည်။ ရဲတပ်ဖွဲ့၏ အသေပစ်ခတ် ဖမ်းဆီးခဲ့သော ထိုအမျိုးသားသည် အိုင်အက်စ် စစ်သွေးကြွအဖွဲ့၏ လှုံ့ဆော်မှုခံခဲ့ရပြီး အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် လုံခြုံရေးဝန်ထမ်းများ၏ အဆက်မပြတ် စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့သူဖြစ်သည်။

အဆိုပါဖြစ်ရပ်သည်၂ဝ၁၉ ခုနှစ် မတ်လ ခရစ်ချာ့ချ်ရှိ ဗလီနှစ်ခုတွင် လူ ၅၁ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားသော လူဖြူ ထိပ်တန်းဝါဒီတစ်ဦး၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး နှစ်နှစ်အတွင်း နိုင်ငံအတွင်း ဒုတိယအကြိမ် အစွန်းရောက် တိုက်ခိုက်မှုဖြစ်သည်။

ဗီဒီယိုများ