- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
နယူးဇီလန်မှာ စံချိန်တင် မိုးကြီးရေလျှံပြီး သုံးဦးသေ တစ်ဦးပျောက်ဆုံးနေ
ရေပြည့်လျှံပြီး ပိတ်မိနေသည့် နေရာအချို့သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
28 Jan 2023
ဓာတ်ပုံ - Reuters, AP
နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့တော် အော့ကလန်၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် သေဆုံးသူ သုံးဦးရှိပြီး လက်ရှိအချိန်၌ တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ခရစ္စဟစ်ပကင်က စနေနေ့တွင် ပြောကြားလိုက်သည်။
ရေပြည့်လျှံပြီး ပိတ်မိနေသည့် နေရာအချို့သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အသက်တွေ တိမ်းပါးခဲ့ရတာက ဒီရာသီဥတုရဲ့ အတိမ်အနက်ကို ခန့်မှန်းနိုင်သလို ဝမ်းနည်းစရာအဖြစ် မြန်မြန်ဆန်ဆန် ပြောင်းသွားတာကိုလည်း တွေ့ရမှာပါ” ဟု သူကပြောကြားသည်။
ဝန်ကြီးချုပ်ဂျာဆင်ဒါအာဒန် မမျှော်လင့်ဘဲ နုတ်ထွက်ခဲ့ပြီးနောက် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကမှ ဝန်ကြီးချုပ်ဖြစ်လာသူ ခရစ္စဟစ်ပကင်အတွက် ယခုဖြစ်ရပ်သည် ပထမဆုံး အဖြစ်အပျက်လည်း ဖြစ်သည်။
မိုးသည်းထန်နေစဉ် အကူအညီအတွက် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ ၂ ထောင်ကျော်ရှိခဲ့သလို နေရာရွှေ့ပြောင်းမှုများလည်း ၇၀ ကျော် ပြုလုပ်ခဲ့ရသည်ဟု New Zeland Herald သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သောကြာနေ့က ရုတ်တရက်ရွာသွန်းခဲ့သည့် အဆိုပါမိုးကြောင်း အော့ကလန်ရှိ လမ်းမများသည် မြစ်ပြင်ကဲသို့ ရေပြည့်လျှံသွားခဲ့သည်။
မြို့တော်မြောက်ပိုင်းရှိ နေရာနှစ်ခု၌ လူနှစ်ဦးကို ရေဖုံးလွှမ်းနေသည့် နေရာ၌ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားသည်။ တတိယမြောက် သေဆုံးသူမှာ မြို့လယ်တွင် ရေကြီး၍မြေပြိုရာမှ နေအိမ်တစ်လုံး ပြိုကျပြီးသေဆုံးခဲ့ရခြင်း ဖြစ်သည်။
ဒေသစံတော်ချိန် သောကြာနေ့ နံနက်ပိုင်းမှ စတင်ရွာသွန်းခဲ့သောမိုးကြောင့် အော့ကလန်လေဆိပ်တွင် မိုးရေချိန် လက်မသည် ၂၄၉ မီလီမီတာအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း နယူးဇီလန် မိုးလေဝသဌာန MetService ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် အော့ကလန်ရှိနေရာ အများစု၌ ရေများ ပြန်ကျသွားပြီဖြစ်သော်လည်း မိုးထပ်ရွာနိုင်ခြေ ရှိနေသေးသဖြင့် မြို့နေလူထုအနေဖြင့် နေအိမ်တွင်း၌သာ နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။